30 C
Yangon

စဉ့်ကူးမြို့ အနီးတဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီးဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၅ စီးဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၁ မိနစ်ခန့်မှ စတင်ပြီး ၄၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက စဉ့်ကူးမြို့ အနီးတစ်ဝိုက်ကို လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီ ၄၇ မိနစ်ခန့်ကလည်း စဉ့်ကူးမြို့ အနီးတဝိုက်သို့ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်ကလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ထပ်မံ ပြုလုပ်သွားကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မြောင်းမြို့ဘက်မှ စစ်သားများကလည်း ဒရုန်းဖြင့် စဉ့်ကူးမြို့နယ် ဘက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများ အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက စဉ့်ကူးနယ်ထဲကို ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာပါ။ ပြည်သူတွေ ထိခိုက်မှုရှိမရှိ ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ တိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်းရှိပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်ကလည်း ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် တံတား၏ အခန်း ၂ ခန်း ကျိုးကျပျက်စီးခဲ့ကြောင်း ၊ အဆိုပါ မိုင်းခွဲမှုကြောင့် ဧရာဝတီတံတား(ရတနာသိင်္ခ) RP4-RP5 တံတားသံဘောင် ၁၁၂မီတာ ၊ RP6-RP7 တံတားသံဘောင် ၁၁၂ မီတာ ၂ခန်း ၊ မန္တလေးတိုင်း၊ စဉ့်ကူးဘက်အခြမ်းတွင် ကျိူးကျပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article