26 C
Yangon

လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ရွေးကောက်ပွဲ၌ မဲလာထည့်ရန် အိမ်ထောင်စုစာရင်း လိုက်ကောက်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရွေးကောက်ပွဲ၌ မဲလာထည့်ရန် အိမ်ထောင်စုစာရင်း လိုက်ကောက်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် ရွာထဲမှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသောပြည်သူများ အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ၌ မဲထည့်ကြရန် စည်းရုံးပြောဆိုခဲ့ပြီးနောက် အိမ်ထောင်စု စာရင်းများ ကောက်ခံသွားကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ စခန်းကြီးရွာအနီး ရှိနေသောကြောင့် ပြည်သူများ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် မည်သည့် နေရာကို ဆက်လက် စစ်ကြောင်းထိုးမည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“စစ်ခွေးတွေက စစ်ကြောင်းထိုးပြီး ရွေးကော်ပွဲမှာ မဲလာထည့်ဖို့နဲ့ အိမ်ထောင်စု စာရင်းတွေကို လာကောက်တာလို့ သိရတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာတော့ မရှိသေးဘူး။ အဲစစ်ကြောင်းက စခန်းကြီးရွာနားမှာပဲရှိသေးတယ်။ ဘယ်ကို ဆက်သွားမလဲဆိုတာတော့မသိရသေးဘူး” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

အလားတူ အောက်တိုဘာလပိုင်းကလည်း လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာမှ လောင်းလုံးမြို့ပေါ်သို့ လာရောက် အင်အားဖြည့်ရန် ရောက်ရှိနေသော အကြမ်ဖက် စစ်တပ် စစ်ကြောင်းကလည်း မြို့ပေါ်ရှိ ပြည်သူပိုင်နေအိမ်များကို သွားရောက်ကာ ရွေးကောက်ပွဲ၌ မဲလာထည့်ကြရန် လိုက်လံ ခြိမ်းခြောက်နေပြီး အိမ်ထောင်စုစာရင်းများ ကောက်ခံသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article