ဒီကနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် ဒုက္ခရောက်နေရတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာက မေ့မထား ကြဖို့ နဲ့ ပစ်မထားကြဖို့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဘာသာရေး အထင်ကရ ပုဂ္ဂိုလ်အဖြစ်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး လီယိုက မေတ္တာရပ်ခံလိုက်ပါတယ်။
- NLD အစိုးရကို ဖြုတ်ချဖို့နဲ့ စစ်အာဏာသိမ်းဖို့ ဆန္ဒပြပွဲတွေ လုပ်ခဲ့တဲ့ မဘသနှင့် အမျိုးသားရေး အစွန်းရောက် ရှေ့နေ အေးပိုင် ဆိုသူက စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးမှာ ကြံ့ဖွတ်ပါတီရဲ့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၀ ဦးဝန်းကျင် ကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ စစ်သားတွေကျန်ခဲ့လက်နက် ၂ လက်နဲ့ ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




