ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေး ဆန္ဒပြခဲ့တဲ့ မဘသအဖွဲ့ဝင် ကျော်မျိုးရွှေက တစညပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်နေတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
- ရန်ကုန်မြို့ပေါ်မှာ သပိတ်အင်အားစုတွေက အကြမ်းဖက်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ဖို့ လူထုစည်းရုံးလှုံ့ဆော်ရေး ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force – YRF က ထုတ်ပြန်ထားပါတယ်။
- နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




