31 C
Yangon

နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defense Organization – Natmauk မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် နတ်မောက်မြို့နယ်၊ ကြက်သောက်တွင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“နတ်မောက်မြို့နယ် အနောက်ဘက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နံနက် ၈ နာရီကျော်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး ၂ လုံးကျဲချ တိုက်ခိုက်သွားတာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရပါတယ်” ဟု People’s Defense Organization – Natmauk မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article