ဒီကနေ့ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို အရပ်ဘက်ဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်ပြီး လေတပ်မှ ဗိုလ်ချုပ်ထွန်းဝင်းကို အစားထိုးခန့် အပ်လိုက် တယ်လို့ လေတပ်အသိုင်းအ၀ိုင်းနှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်တပ်ကို ကြားဖြတ် တိုက်ခိုက် ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၃ တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်အောင်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ထိုင်းနိုင်ငံတောင်ပိုင်းတွင် စံချိန်တင် ရေကြီးမှုကြောင့် အိမ်ထောင်စုပေါင်း ၁ သိန်း ၃ သောင်းနီးပါး ရေဘေးသင့်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရေဘေးသင့်သူတွေထဲမှာ ပါဝင်နေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




