30 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ မိုးမိတ်မြို့ ဘက်ကို ချီတက်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA၊ KPDF အပါအ၀င် တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော် လှန်ရေးသတင်းရင်းမြစ်က ပြောခဲ့တဲ့သတင်းမှာ မှန်ကန် တယ်လို့ KIA/KIO ပြောရေးခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း အတည်ပြုလိုက်ပါတယ်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ NLD အစိုးရရဲ့ ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် အကောင်အထည်ဖော်နေပြီး မင်းအောင်လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီက ဆေးရုံ၊ လမ်းတွေနှင့်အခြေခံအဆောက် အအုံတွေ ဆောက်လုပ်ခွင့်ရရှိထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
  • ချင်းပြည်နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်း ၃ ကြောင်းကို ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် ဘက်က ဗိုလ်မှူး လှမျိုးထွဋ်အပါအဝင် ဗိုလ်ကြီး၊ စစ်သားအများအပြားကိုချေမှုန်းနိုင်ခဲ့ပြီး ချင်းတော် လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article