ဒီကနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ဘေးသင့်မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၁၀ နှစ်တာ ကာလအ တွင်း စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး ထွက်ရှိလာတဲ့ ဘိန်းဖြူ (Heroin) ကို အနောက်နိုင်ငံ ဈေးကွက် တွေမှာ ကူးသန်းရောင်းဝယ်နေတဲ့ အစောပိုင်းလက္ခဏာတွေ တွေ့ရှိနေရတယ်လို့ သိရပါတယ်။
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီရည်မှန်းချက်ချင်းတူရင် ဥပဒေဘောင်ထဲ PDF တွေဝင်ခဲ့ဖို့ ဖိတ်ခေါ်တယ်လို့ထပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပြန်ပါတယ်။ ပြင်ဦးလွင်မှာ လုပ်တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီလို ထုတ်ဖော် ပြောဆိုလာတာပါ။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်သား ၂ ဦးက ပြည်သူ့နေအိမ်တွေကို ဝင်ရောက် ဓားပြ တိုက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတာကို သူတို့အရာရှိဆီကို တိုင်ကြားတဲ့အခါမှာတော့ ဆိုလာပြားနဲ့ ဘက်ထရီအိုးသာ ပြန်ပေးပြီး ငွေနဲ့ စားသောက်ကုန်တွေ ပြန်မပေးတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




