ဒီကနေ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ ယာယီသမ္မတ အမည်ခံ မြင့်ဆွေ ရဲ့ သားမက် တာရာမြင့်ဆွေ ဆိုသူက ဩစတြေးလျနိုင်ငံသား အဖြစ်ကနေ စွန့်လွှတ်ပြီးနောက် မြန်မာနိုင်ငံသားမှတ်ပုံတင် အများအပြား ကိုင်ဆောင်ထားပြီး ဥပဒေကို လက်တလုံးခြားလုပ်ဖို့နဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့လုပ်နေတယ်လို့ မြင့်ဆွေမိသားစုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် မြ၀တီမြို့ပေါ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF ပိုင် ကျားဖြန့်ရုံတွေကို စစ်တပ်ကပဲ ဟန်ပြ ပြန်လည် ဝင်ရောက်စီးနင်း ဖောက်ခွဲတာတွေ လုပ်ပြနေတဲ့အတွက် ညတွင်းချင်း ကျားဖြန့် လုပ်သားတွေ ၀ရုန်းသုန်းကား ထွက်ပြေးနေကြပြန်သလို ၊ ကျားဖြန့် တရုတ်သူဌေးတွေနဲ့ ခေါင်းဆောင်တွေကိုတော့ စစ်တပ် လက်အောက်ခံ BGF တပ်ရဲံ ဗိုလ်တင်ဝင်းက စခန်းအသစ်ကို ပြောင်းရွှေ့ပေးထားပြန်တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၂၅၇ တပ်ရင်းက တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး ဆိုသူကို တော်လှန်ရေးရဲဘော်တွေက အရှင်ဖမ်းမိပြီး စစ်ဆေးဖို့ ဆိုင်ကယ်နဲ့ခေါ်လာတဲ့အချိန် ပြန်လည်ခုံခံတဲ့ အတွက် ပစ်ခတ်ဖမ်းဆီးရမှာ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




