21 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အသံတိတ်သပိတ် ပြုလုပ်မယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပိတ်ထားမယ့် ဆိုင်တွေ၊ အလုပ်ရုံတွေနှင့် ကုမ္ပဏီတွေကို ဖမ်းဆီးချိတ်ပိတ်အရေးယူဖို့နဲ့ ပြည်သူတွေ ပါဝင်နိုင်တဲ့ စျေးရောင်းပွဲ‌တွေ၊ ပျော်ပွဲရွှင်ပွဲနှင့် လူထုလှုပ်ရှားမှုတွေကို သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်တွေက ဆောင်ရွက်ကြဖို့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ပြောပါတယ်။
  • စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားတွေနှင့် အောက်ခြေ စစ်သား တွေကို မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းမှာ စစ်ကြောင်းထိုးခိုင်းတဲ့အပြင် ပြည်သူတွေကို အဓမ္မပြုကျင့် ဖမ်းဆီးသတ်ဖြတ်တာတွေကို လုပ်ဆောင်ဖို့ စစ်အရာရှိတွေက အမိန့်ပေး လာတယ်လို့ အလင်းဝင်တပ်သား ၈ ဦးက ထုတ်ဖော်ပြောဆို ဝန်ခံလိုက်ကြသည်။
  • တနင်္သာရီတိုင်း၊ မောတောင်မြို့မှာ အကြမ်းဖက် စစ်တပ်ကို မူးယစ်ဆေးဝါးရောင်းချပြီး စစ်ရှောင် ပြည်သူတွေကို ဗုံးကျဲ သတ်ဖြတ်ဖို့ လှုံဆော်နေတဲ့ စစ်တပ် သတင်း ပေး အမျိုးသမီး ၁ ဦးကို အရှင်ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article