ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အမျိုးသားညီညွတ်ရေးအစိုးရကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အကြီးအကဲတွေဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်လက်ပါဝင်ဆဲ ဖြစ်သလို၊ ရှိရင်းဆွဲ ဝန်ကြီးတချို့နဲ့ ဒုဝန်ကြီးတချို့တော့ ပြန်လည်မပါဝင်တော့ပဲ အသစ်ပြင်ဆင် ဖွဲ့စည်းလိုက်တယ် ဆိုပါတယ်။
- ရန်ကုန်-ပြည် ကားလမ်းပိုင်းကို မကြာခဏဆိုသလို စစ်ရေးအရေ နယ်မြေရှင်းလင်းမှုတွေ လုပ်လေ့ရှိတဲ့ တော်လှန်ရေးတပ်တွေဟာ ရန်ကုန်-ပြည် ကားလမ်းအနီး ကင်းပုန်းဝပ်နေနဲ့ စစ်သားတွေနဲ့ ထပ်မံတိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂ ဦးကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် အဲ့ဒီ့စစ်သားအလောင်းတွေ ကို တော်တော်ကြာတဲ့အထိ စစ်တပ်ဘက်က လာမကောက်ဘူးလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ထိုင်းနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ တစ်ကျော့ပြန် စစ်ပွဲပြန်ဖြစ်နေပြီး ထိုင်းလေတပ်က ကမ္ဘောဒီးယား စစ်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့သလို ကမ္ဘောဒီးယားနိုင်ငံကလည်း ရုရှားနိုင်ငံထုတ်ဒုံးကျည်တွေနဲ့ ထိုင်းနိုင်ငံဘက်ကို ပြန်လည်ပစ်ခတ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




