30 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမှတ် ၁ သန်လျင် ရေနံချက်စက်ရုံ ပြန်လည် လည်ပတ်ရေးနှင့် စက်ရုံသစ်စီမံကိန်းအတွက် မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံ၊ သမ္မတဟောင်း သိန်းစိန်သမီး ၁ ဦးရှယ်ယာပါဝင်နေတဲ့ Myan Oil ကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရရှိထားတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ပြည်သူတွေ ဆေးကုသမှု ခံယူနေတဲ့ မြောက်ဦး ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ လူ ၃၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ရခိုင်ဒေသမှာ လူမှုကူညီရေး ဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ တောင်သာမြို့နယ်အတွင်းမှာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက်က အများအပြားသေဆုံး အထိနာနေသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article