ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်းက အကြမ်းဖက် စစ်တပ်ရဲ့ တောင်ငူလေတပ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေတပ်ထဲက ခဲယမ်းနဲ့ ဗုံးဂိုဒေါင်ကို ထိမှန်ပေါက်ကွဲခဲ့တဲ့အပြင် စစ်တပ်ဘက်က လုံခြုံရေးယူထားသူ ၆ ဦးလည်း အသီးသီး သေကုန်ကြပြီလို့ (BWM) တပ်ဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံက စစ်တပ်လက်အောက်ခံ မြန်မာသံရုံးမှာ ကြိုတင်မဲ လာပေးသူဟာ လက်ရှိအချိန်အထိ ၁၀ ဦး ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေဆီကနေ သိရပါတယ်။
- ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တွေက မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင် ရောင်းဝယ်နေတယ်ဆိုပြီး အကြမ်းဖက် စစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီး ထွန်းထွန်းနောင် ဆိုသူက အပြစ်ဖို့ ပြောဆိုနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




