32 C
Yangon

ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြု

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကုလသမဂ္ဂအထွေထွေညီလာခံက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အတည်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သော ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက အရည်အချင်းစစ်ကော်မတီ၏ အစီရင်ခံစာအား အတည်ပြုလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုမှုနှင့်ပတ်သက်၍ လက်ရှိ တာ ဝန် ထမ်းဆောင်နေသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံက အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှား၊ ဆီနီဂေါ၊ ထရီနီဒက်နှင့် တိုဘာဂိုနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်ထားသည့် အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံပါဝင်သော အရည်အချင်းစစ် ကော်မတီ (Credentials Committee) အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒ (Consensus) ဖြင့် အတည်ပြု ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ကိုယ် စားပြုမှုနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံမှ ကိုယ်စားလှယ် တင်သွင်းမှု ၂ မျိုး လက်ခံ ရရှိထားသဖြင့် ရွေး ချယ်ခန့်အပ်မှုအတွက် စဉ်းစားဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားမည်ဟု အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်ကို ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ၎င်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခင်နှစ်များနည်းတူပင် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပုံမှန် ကျင်းပပြုလုပ်လျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီ နှင့် ပင်မကော်မတီ အစည်းအဝေးများ၊ ကုလသမဂ္ဂ ပင်မအဖွဲ့အစည်းများ၏ အစည်း အဝေး များနှင့် အခြား ဆက်စပ်အစည်းအဝေးများကို ဆက်လက် ပါဝင်၊ တက်ရောက်၊ ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article