26 C
Yangon

AA ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်တွင် AA က ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ် ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေကြောင်း စစ်တပ်နှင့် ယာယီ အပစ်ရပ်ထားသည့် တအာင်း TNLA နှင့် ကိုးကန့် MNDAA က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရက္ခိုင်ပြည်တစ်ဝန်းလုံးအား အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့် ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် TNLA နှင့် MNDAA တို့က စစ်တပ်၏ လုပ်ရပ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်လာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့ကိုပါ မချန်လှပ်ထားနိုင်ဘဲ ရက္ခိုင်ပြည်အတွင်းရှိ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက် ခိုက်ခဲ့သောကြောင့် ပြည်သူ့ဆေးရုံကြီးတစ်ခုလုံးနီးပါး နှင့် ဆေးရုံအနီးပတ်ဝန်းကျင်ရှိ လူနေအိမ် အချို့ပါ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသော ကလေးသူငယ်၊ ကိုယ် ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း စစ်ကော်မရှင်က စစ်ရှောင်ပြည်သူများ နေထိုင်ရာ ကျောက် ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာကို ဗုံးကြဲခဲ့သဖြင့် စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် မင်းရပ်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်သူလူထုအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး စေသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များသည် မြန် မာပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း၊ MNDAA နှင့် TNLA တို့က ပြောဆိုထားသည်။

စစ်ကော်မရှင်က စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ စုဝေးနေထိုင်ရာ နေရာများ ကို ဦးတည်ပစ်မှတ်ထားကာ ရက္ခိုင်ပြည်တစ်ဝန်းလုံးအပါအဝင် မြန်မာပြည်အနှံ့အပြားအား နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မြန်မာစစ်ကော်မ ရှင်၏ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့် ရေးအတွက် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတို့က ကူညီဆောင်ရွက်ပေးကြပါရန် TNLA နှင့် MNDAA တို့က မေတ္တာရပ်ခံထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article