ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲမှာ ဒိုင်လူကြီးလုပ်တဲ့အပြင် စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ကြံ့ဖွတ်ပါတီကနေ ရွေးကောက်ပွဲဝင်လာလို တန်းတူညီမျှအခြေအနေ မရှိတော့ဘူးလို ပြည်သူ့ရှေ့ဆောင် ပါတီ PPP ရဲ့ ဥက္ကဋ္ဌသက်သက်ခိုင်က ပြည်တွင်းစစ်လော်ဘီမီဒီယာတစ်ခု ကတစ်ဆင့် ထုတ်ဖော်ပြောဆို လာပါတယ်။
- ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြိုနယ်၊ လာဟီဆင်ဒေသကိုထိုးစစ်ဆင်လာတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲဝင်တွေ အစာအဆိပ်သင့်ပြီး တပ်သား ၁၀ ဦး သေဆုံးသွားတယ်လို KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီးအပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တိုကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို နှစ်ဖက်ညှိနှိင်း ဖြေရှင်းမှုတွေ လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် ရန်ကုန်ခေတ်သစ်ရဲ့ မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




