အကြမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို KNU-NUG တပ်မဟာ -၄ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ နှင့်အဖွဲ့ ၁၅ ခုတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လက်မခံဟု ကြေ ညာလိုက်ကြောင်း KNU မြိတ် -ထားဝယ်ခရိုင် အထွေထွေ အတွင်း ရေးမှူး ပဒိုစောအယ် နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာသးည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ အကြမ်းဖက် စစ်အုပ်စုက ပြုလုပ်မည့်တရားမဝင် ရွေးကောက် ပွဲမှာ ဒီမိုကရေစီ အရေခြုံ အဖြစ် အသုံးချကာ နိုင်ငံရေးအရ တရားဝင်မှုနှင့်နိုင်ငံတကာအသိ အမှတ်ပြုမှု ရရှိစေရန် အငမ်းမရ ကြိုးပမ်းနေခြင်းဖြစ် ကြောင်း ၊တနင်္သာ ရီဒေသတွင် အတုအယောင် ရွေးကောက်ပွဲ အထ မြောက်စေရန် ရည်ရွယ်၍ အရပ်သား များကို ပစ်မှတ်ထား လေ ကြောင်း ၊လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ စစ်ကြောင်း ထိုး၍ အဓမ္မပြုကျင့်၊ လုယက် မီးရှို့ ၊ သတ်ဖြတ်မှုများကို စစ် တပ်က ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြောင်း KNU-NUG တပ်မဟာ ၄ ညှိနှိုင်းရေးအဖွဲ့နှင့်အဖွဲ့ ၁၅ ခုက ပူးတွဲ ထုတ်ပြန်ကြေညာသည်။
ထို့ကြောင့် အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ဖြစ်သော ပြည်သူများကို အဓမ္မ ဖိနှိပ် ခြိမ်းခြောက် ပြုလုပ်မည့် သွေးစွန်းသော ရွေးကောက်ပွဲဖြစ်၍ လွတ်လပ် တရားမျှတမှု အခြေခံ ကင်းမဲ့ကြောင်း၊ ပြည် သူလုထု လိုလားသော ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရ နှင့် ပြဒါးတလမ်း သံတလမ်း ဖြစ်သည့်အတွက် လုံးဝ လက်ခံမည် မဟုတ်ဘဲ ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချထားသည်။
ခေတ်အဆက်ဆက် ဒီမိုကရေစီ နှင့် နိုင်ငံသားတို့၏ အခြေခံ လူ့အခွင့်အရေးတို့ကို ရက် စက် ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက် ပွဲမှာ ငြိမ်းချမ်းရေး နှင့် လွတ်လပ်မှု ၊ တရားမျှတမှု ၊ တန်းတူညီမျှမှုတို့ကို ဆောင်ကျဉ်းပေးမည့် နိုင်ငံရေး အပြောင်းအလဲတရပ် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ်လိုသည့် အင်အားကြီး နိုင်ငံများကို အမှီသဟဲပြု၍ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အစဉ်အဆက် အသုံးချခဲ့သော နည်းလမ်းဟောင်းပင် ဖြစ်ကြောင်း ထောက်ပြထားသည်။
“အခု တိုင်းပြည်ကို မတရားအာဏာသိမ်းပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အကြမ်းဖက်စစ်အဏာရှင် စစ်အုပ်စုက နှစ်ပေါင်းများစွာ အုပ်ချုပ်နေတဲ့ မြန်မာပြည်စစ်အုပ်စုမျိုးဆက်တွေ ဖြစ်တယ်။ ဒီနေ့ ထက်တိုင် ဖြစ်ပွားနေတဲ့ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ နိုင်ငံရေး အကျပ် အတည်းရဲ့ မူလလက် သည်က တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် စနစ်ကို ပိတ်ပင်တားဆီး ခေတ်အလိုက် အမည်ပြောင်းလဲ အလှည့်ကျသရုပ် ပြ လူမျိုးကြီးဝါဒကို ကိုင်စွဲကျင့်သုံးလျက်ရှိတဲ့ စစ်အုပ်စုသာ ဖြစ်တယ်။” ဟု KNU မြိတ်-ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး ပဒိုစောအယ်နား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်အုပ်စု အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲ ပြုလုပ်မည့် အတု အယောင် ရွေးကောက်ပွဲမှာ စစ်အာ ဏာရှင်အတွက် နိုင်ငံရေး ထွက်ပေါက် ဖြစ်လာရန် ကြို တင် ကြံစည်ထားသည့် လှည့်ကွက်မျှသာ ဖြစ်ပြီး ပြည်တွင်းစစ် နှင့် နိုင်ငံရေး အကျပ် အတည်းကို ပိုမို ဆိုးရွားမည့် အခြေအနေသို့ တွန်းပို့လျက်ရှိကြောင်း ထောက်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို အထောက်အပံ့ဖြစ်စေမည့် မည်သည့် ပံ့ပိုးကူညီ၊ ပူးပေါင်းပါဝင်မှုမျိုးမဆို မိမိတို့ အနေဖြင့် လုံးဝ ခွင့်ပြု လက်ခံမည် မဟုတ်ကြောင်း ၊ ပြည်သူလုထုနှင့် အတူတကွ ရပ်တည်၍ ဖက်ဒရယ် ပြည် ထောင်စု ပေါ် ထွန်းရေးအတွက် တစိုက် မတ်မတ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း KNU- NUGနှင့် အဖွဲ့ ၁၅ ခုက သဘောထား ထုတ်ပြန်ထားသည်။
“စစ်အဏာရှင်စနစ် အဆုံးသတ်ဖို့ ပြည်သူလူထုတရပ်လုံး တာ၀န်ဖြစ်တဲ့ အတွက် နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNU မြိတ် -ထားဝယ်ခရိုင် အထွေ ထွေအတွင်းရေး မှူး ပဒိုစောအယ်နားက ဆက်လက်ပြောဆိုသည်။
စစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာသော အဖွဲ့များတွင် KNU – NUG (တပ်မဟာ – ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT – 4 နှင့်အတူ ၂၀၂၀ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီ တိုင်း) ၊ တနင်္သာရီ တိုင်းစစ်ဌာန ၊ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှု ကွန် ယက် ၊ ထားဝယ်ခရိုင်နိုင်ငံရေးပလက်ဖောင်း ၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု ၊ ကော့သောင်းခရိုင် နိုင် ငံရေး အင်အားစု ၊ ထားဝယ်အမျိုးသမီးသမဂ္ဂ ၊ တနင်္သာ ရီတိုင်းလူငယ်ကွန်ရက် ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ထားဝယ်သူနာပြု သူနာပြု နှင့် သားဖွားသင်တန်းကျောင်း ကျောင်းသား များသမဂ္ဂ ၊ တနင်္သာရီတိုင်းဆရာ၊ဆရာမများသမဂ္ဂ ၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်ခရိုင်) ၊ ဂိမှာန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကော်မတီ – တနင်္သာရီ ၊ တနောသရီ ကရင်လူမျိုးများ လွတ်မြောက် ရေးနှင့်တန်းတူညီမျှရေးအဖွဲ့တို့ပါဝင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo- အီးပီအေ။




