ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေးမှာ အင်အားစုစည်းညီညွတ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို ချီတက်ကြဖို့ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေကို သတိပေးပြောဆိုလိုက်ပါတယ်။
- ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်နှင့် ပြည်မြို့နယ် အစပ်မှာရှိတဲ့ ချောင်းကောင်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာကို စစ်ကြောင်းထိုးလာပြီး စစ်ရေး တင်းမာနေတယ်လို့ ပြည်ခရိုင် တပ်ရင်း (၂) ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ကြောင့် စစ်သား ၁၀ ယောက် သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




