ဒီကနေ့ ဇန်နဝါရီ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မင်းအောင်လှိုင်ဆိုတဲ့အမည်နောက်မှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ခွဲမရအောင် ဒွန်တွဲနေတဲ့ပြယုဂ်တစ်ခုဖြစ်ပြီး နိုင်ငံတကာက ဖမ်းချင်နေတဲ့ တရားခံတစ်ဦးသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SAC-M ရဲ့ အမှုဆောင်ဒါရိုက်တာ Ben Lee က သတိပေးပြောပါတယ်။
- ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ပူတာအိုအခြေ စိုက် ဗျူဟာ ၄၆ တပ်ပိုင်လေယာဉ်ဆီပေပါ အလုံး ၅၀ အပါအဝင် စက်သုံးဆီ ပေပါ ၁၂၀ လုံးကို ဖမ်းမိခဲ့တယ်လို့ ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်မှ ပြည်သူတွေ စစ်ဘေးရှောင်ရန် တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေး ပေမယ့်လည်း စစ်တပ်က မြို့ပြင်လမ်းကြောင်းတွေကနေ ပြန်လည်ပိတ်ဆို့ ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကပြောလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




