ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်တပ်၏ စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးခေါင်းဆောင် ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူများပြားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် ရန်ကုန်-ပြည် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲ ဖြစ်ပွားသော နေရာကို စစ်ကူပေးရန် လာရောက်သည့် စစ်တပ် စစ်ကြောင်းများကိုပါ တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲနေရာများ ကျယ်ပြန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ်၏ စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှုအတွင်း စိန်ကန့်လန့်ရွာမှ ပျူခေါင်း ဆောင် တေဇညွှန့် အပါအဝင် စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အရှင်ဖမ်းမိသော အကြမ်း ဖက် စစ်သားများရှိသည်ဟု ဒေသပြည်သူများက ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ် သတင်ဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“မနေ့က တိုက်ပွဲက မနက်မိုးလင်းတည်းက ပြင်းထန်ခဲ့တာဟုတ်ပါတယ်။ စစ်ခွေးတွ ထိခိုက်သေဆုံးမှုများတာဟုတ်ပါတယ်။ အရေအတွက်ဘယ်လောက်ဆိုတာကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်တယ်။ ကျနော်တို့လည်း အတည်ပြုပေးလို့မရသေးပါဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကွင်းတာဆုံဂိတ်ကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်းကြောင့် ရန်ကုန်-ပြည် လမ်းပိုင်းကို အချိန်ကြာမြင့်စွာ ပိတ်ထားခဲ့ကြောင်း၊ ထိုသို့ လမ်းပိုင်းပိတ်ဆို့ပြီး စစ်သားနှင့် ပျူစောထီး အလောင်းများကို အိမ်စီးကားများဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။
“မနေ့က တိုက်ပွဲပြင်းထန်ခဲ့တာက စစ်ကွင်းတာဆုံဂိတ်မှာဖြစ်တာ စစ်ခွေးတွေက တိုက်ပွဲစဖြစ်တည်းက စစ်ကွင်းတာဆုံဂိတ်ကို စစ်ကူတွေ လာတဲ့ စစ်ကြောင်း ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေမှာပါ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ တိုက်ပွဲက နယ်မြေကျယ်ပြန့်သွားတာ မနေ့ စစ်ကွင်းတာဆုံပွဲမှာ စိန်ကန့်လန့်ရွာက ပျူခေါင်းဆောင် တေဇညွှန့်လည်းသေတယ်လို့ သိရတယ်။ နောက်ပြီး PDF တွေ အရှင်ဖမ်းသွားတဲ့ စစ်ခွေးတွေလည်းရှိတယ်လို့ သိရတယ်။ စစ်ခွေးတွေက ခွေးအလောင်းတွေကို ရန်ကုန်-ပြည် လမ်းပိတ်ပြီးကို မင်းလှမြို့ဘက်ကို ပြန်သယ်ဆောင်သွားတယ်လို့သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ရန်ကုန်-ပြည်လမ်းဘေးရှိ စစ်စခန်းများသို့ စစ်အင်အားဖြည့်တင်းသည့်အပြင် ပဲခူးတိုင်းအတွင်းသို့လည်း စစ်အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်သို့ ယမန်နှစ်အတွင်း ရောက်ရှိခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




