ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ မြိုနယ် ၁၀၀ ထဲက မြိုနယ် ၆၀ နီးပါးမှာ ကြံ့ ခိုင် ရေးပါတီက အနိုင်ရရှိထားပြီဆိုတာကို ကနဦးသတင်းအချက်အလက်တွေအရ သိရှိရတယ်လို ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ပဲခူးတိုင်း၊ ပေါင်းတည်မြိုနယ်မှာရှိတဲ့ မဲရုံ ၃ ခုမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက် စစ်သားတွေနှင့် ခမရ ၁၀ တပ်ရင်းတိုကို တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- မကွေးတိုင်း၊ ဂန့်ဂေါမြိုပေါ်မှာ ကြံ့ဖွတ်ပါတီက ပြိုင်ဘက်မရှိအလိုအလျောက် အနိုင်ရထား ပေမယ့် လည်း ဟန်ပြရွေးကောက်ပွဲပြုလုပ်နေတာကြောင့် ခလရ ၅၀ အပါအဝင် စစ်အုပ်စုတပ်စွဲထားရာ နေရာ တွေကို တော်လှန်ရေးတပ်ဖွဲတွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဗိုလ် ၁ ဦးအပါ အဝင် ၆ ဦး ထက် မနည်းဒဏ်ရာရရှိခဲ့တယ်လို ယောအလင်းတန်းရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကိုပြော ပါတယ်။
- အစ္စရေးရဲ့ စစ်ပွဲကြောင့် အမိုးအကာမဲ့ပြီး အအေးဒဏ်ကို အလူးအလဲခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အသက် ၂ လသားအရွယ် မိုဟာမက် အဘူဟာဘစ် (Mohammed Abu Harbid) လေးဟာ ပြင်းထန်တဲ့ အအေးမိဝေဒနာ (Hypothermia) ကြောင့် ထပ်မံသေဆုံးသွားခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




