စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထိန်တောရွာ အနောက်ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့သဖြင့် ဘုန်းကြီး ကျောင်းပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၉ မိနစ်အချိန် စစ်တပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ထိန်တောရွာ အနောက်ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံပျက်စီးသွားကြောင်း၊ ကံကောင်းထောက်မစွာဖြင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။
“ဗုံးတွေကျဲချတာ။ တ၀ုန်း၀ုန်းနဲပေါက်ကွဲတယ်။ ဘုန်းကြီးကျောင်းကတော့ ရစရာမရှိဘူးဖြစ်သွားတယ်။ လူတော့ မထိခိုက်ဘူး” ဟု ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနေသော သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ် အစပ် သရက်ကန်ကျေးရွာ စာသင်ကျောင်းအနီးသို့အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ နံနက်ပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါက်၊ မြိုင်မြို့နယ်အစပ် သရက်ကန်ကျေးရွာ စာသင် ကျောင်းအနီးသို့ အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ နေအိမ်များလည်း ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး နေအိမ်ပျက်စီးတာမျိုး မရှိဘူး။ သရက်ကန်ရွာ စာသင်ကျောင်းအနီးတစ်၀ိုက်ကို ကျဲသွားတာပါ။ ဗုံး ၁လုံးနဲ့ သေနတ်တွေလည်း ပစ်ခတ်သွားတယ်”ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့ မှ ကိုလရောင်က ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို ဗုံးများ ကျဲချတိုက်ခိုက်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








