ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်မြန်မာစစ်တပ်ကကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားစွဲနိုင်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က တီမောနိုင်ငံမှာ တရားဝင်တိုင်ကြားလိုက်တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ မြို့နယ်ရဲစခန်း၊ စရဖ ရုံး၊ မြို့နယ် ထွေ/အုပ်ရုံးနဲ့ KBZ ဘဏ်တို့မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
- မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို အမေရိကန်ရဲ့ပိုင်နက်အဖြစ်သွပ်သွင်းဖို့ သမ္မတထရန့်က ဖိအားပေးနေတဲ့အပေါ် ဂရင်းလန်းဝန်ကြီးချုပ်က သူတို့အနေနဲ့ အမေရိကန်ထက် ဒိန်းမတ်နိုင်ငံနဲ့သာ ဆက်လက်လက်တွဲသွားချင်ကြောင်း ဒီနေ့မှာပဲ အတိအလင်းပြောကြားလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




