ရန်ကုန်၊ ဇန်နဝါရီလ ၁၄
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် စစ်တပ်က လူငယ် ၇ ဦးထက်မနည်းကို စစ်မှုထမ်းစေခိုင်း ရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ အထက်မင်းလှမြို့နယ်၊ မလွန်မြို့၊ တောင် ဦးကျေးရွာနှင့် ညောင်ပင်သာဂိတ်တို့တွင် အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံ- ကပစ ၁၀ မှ ဗိုလ်မှူး မြတ်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့အပါအဝင် ရဲ၊ ပျူစောထီးများ ပူးပေါင်းကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကပစ ၁၀ ကာကွယ်ရေးပစ်စည်းစက်ရုံကဗိုလ်မှူး မြတ်သူ ၊ ဒုမြို့နယ်မှူး၊ ပသစ ၊ ရဲ ထွေအုပ်တို့ ပေါင်းပြီး ပေါ်တာလိုက်လံဆွဲနေပါတယ်၊ ကနဦးသိရတာကတော့ ၇ ဦး လောက်တော့ပါသွားတယ်။ အဖမ်းခံရတဲ့လူငယ်အရေအတွက်က အဲဒီထက်ပိုများနိုင်တယ်။ ဘာလို့ဆို နေရာ ၃ နေရာ ခွဲပြီး ပေါ်တာဆွဲတာဆိုတော့။ ညောင်ပင် သာ စစ်ဆေးရေးဂိတ်က စောင့်ပြီးဆွဲတယ် ၊ တောင်ဦးကျေးရွာဆွဲတယ်။ မလွန်မြို့ထဲမှာ ဆွဲတယ်။ အခုဟာက အတော်ဆိုးနေပြီ။ သူတို့ကပေါ်တာဆွဲတာကို စစ်ဆင်ရေးလို လုပ်တာ၊ နေ့ခင်းဘက် တောင် မလုံခြုံတော့ဘူး။ ယာထွန်သွားလည်း၀င်ဆွဲ။ နွားကျောင်းနေရင်းလည်း၀င်ဆွဲ။ တော်တော် လေးကို ဥပဒေမဲ့လုပ်နေကြတာ” ဟု ဖမ်းဆီးခံလူငယ်၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း စစ်မှုထမ်းစေ ခိုင်းရန်ဟုဆိုကာ လူငယ်အမျိုးသမီး စာရင်းလိုက်လံကောက် ယူနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မော်လမြိုင်မြို့၊မရမ်းကုန်းရပ်ကွက်နှင့် ရွှေမြိုင်သီရိရပ်ကွက် ရပ် ကွက်များအတွင်းရှိ အမျိုး သမီး လူငယ်များကို စစ်မှုထမ်းရမည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ရေးအချက်အလက်များ ကောက်ယူသွားပြီး စစ်မှုထမ်းရမည်ဟု အသိပေးသွားကြောင်း သိရ သည်။
“အခုလောလောဆယ် စစ်မှုထမ်း စာရင်းထဲပါတဲ့ ရပ်ကွက်တွေက မရမ်းကုန်း ရပ်ကွက်နဲ့ ရွှေမြိုင် သီ ရိရပ်ကွက်က အမျိုးသမီးစာရင်းတွေ ယူသွားတယ်။ နောက်ထပ် ဘယ်ရပ်ကွက်တွေရှိသေးလဲတော့ မသိသေးပါဘူး။ မနေ့က ရပ်ကွက်တွေမှာ အမျိုးသမီးတွေလည်း အချိန်ကျရင် စစ်မှုထမ်းပါမယ်ဆိုပြီး ရပ်ကွက် လူကြီးက လာပြောပါတယ်။ မိန်းကလေး တွေပါ စစ်မှုထမ်းခေါ်မယ် ပြောလာတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မော်လမြိုင်မြို့တွင် ယခင်က စစ်မှုထမ်းကြေးဟုဆိုကာ ပိုက်ဆံကောက်ခံခဲ့သော်လည်း ယခုအခါတွင် စစ်မှုထမ်းရန် မဲနှိုက်စနစဖြင့် ပြန်လည် လုပ်ဆောင်မည်ဟု ပြောဆိုလာကြောင်း၊ မွန်ပြည်နယ်တွင် စစ် ကော်မရှင်လောင်းကစားဝိုင်းများ၊ ဇာတ်ပွဲများကျင်းပကာ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“အရင်လတွေတုန်းက စစ်မှုထမ်း အတွက်ဆိုပြီး ပိုက်ဆံကောက်တယ် ။ရွေးကောက်ပွဲ ပြီးတော့ ပိုက် ဆံ မကောက်တော့ဘဲ မဲနှိုက်ရမယ်ပြောပါတယ်။ အခုဆို လူငယ်တွေက စိတ်တွေပျက်နေကြပြီ ။ မွန် ပြည်နယ်မှာ အပျော်အပါး နဲ့ လောင်းကစား၊ ဇာတ်ပွဲတွေ၊ လောင်းကစားဝိုင်းတွေ လုပ်ခွင့်ပေးတယ်။ လူတွေအရမ်းများတယ်။ ဇာတ်ပွဲကအပြန် ပေါ်တာ အဖမ်းခံရတဲ့လူငယ်တွေလည်း အရမ်းကိုများပါတယ်။ ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစသတငးဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ ကို ဖွင့်လှစ်မည်ဖြစ်သည်။
ဓာတ်ပုံ – လမ်းများပေါ်တွင် ပြည်သူများနှင့် လူငယ်များကို တားဆီးစစ်ဆေးနေသော အကြမ်းဖက်ရဲနှင့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




