31 C
Yangon

နယ်စပ်တွင် မြန်မာဘက်မှ ပစ်ခတ်သောကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်ကလေးငယ် တစ်ဦး ဒဏ်ရာရရှိမှု မြန်မာစစ်တပ်ကိုယ်စားပြု သံအမတ် ကျော်စိုးမိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူသတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် မြန်မာဘက်မှ ပစ်ခတ်သောကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်ကလေးငယ် တစ်ဦး ဒဏ်ရာရရှိမှုအတွက် မြန်မာစစ်တပ်ကိုယ်စားပြု သံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခေါ်ယူသတိပေးကြောင်း သိရှိရသည်။

ယမန်နေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကျော်စိုးမိုး ကို ခေါ်ယူတွေ့ဆုံပြီး ကော့ဘဇား (Cox’s Bazar) ခရိုင်၊ တက္ကနာ့ဖ် (Teknaf) မြို့နယ်၊ ဝှေခေါင်း (Whykong) ကျေးရွာ အုပ်စုအနီးသို့ မြန်မာနိုင်ငံဘက်မှ သေနတ်ကျည် ဆန်များ ကျရောက်ခဲ့မှုအပေါ် ကန့်ကွက်ကြောင်း၊ ယင်းဖြစ်စဉ်တွင် အသက် ၁၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရန်စမှုမရှိဘဲ ပစ်ခတ်ခြင်းသည် နိုင်ငံတကာ ဥပဒေကို ပြောင် ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး အိမ်နီးချင်း ကောင်းပီသသော ဆက်ဆံရေးကို အဟန့်အတား ဖြစ်စေကြောင်း မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်က သတိပေးသည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများကို ရပ်တန့်ရန် မြန်မာနိုင်ငံအနေဖြင့် တာဝန်အပြည့်အဝယူပြီး လိုအပ်သော အစီအမံများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုသည်။

မြန်မာစစ်တပ်နှင့် ရခိုင်ဒေသအခြေစိုက် လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသည့် ကိစ္စရပ်များသည် ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် လုပ်ကိုင်စားသောက်မှုများကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေရန် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောဆိုသည်။

စစ်တပ်ကိုယ်စားပြု မြန်မာသံအမတ်က အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန်​ြ အစီအမံများ လုပ်ဆောင်သွားမည်ဟု အာမခံခဲ့ပြီး ဒဏ်ရာရရှိသူနှင့် မိသားစုထံသို့ စာနာ စိတ်ဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်ကိုယ်စားပြု သံအမတ် ကျော်စိုးမိုးနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန် ကြီးဌာန တာဝန်ရှိသူတို့ ၂၀၂၄ ခုနှစ်အတွင်း တွေ့ဆုံခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article