30 C
Yangon

အမေရိကန်တွင် အစိုးရထောက်ပံ့ကြေး ယူနိုင်ခြေရှိသည်ဟုဆိုကာ မြန်မာအပါအဝင် ၇၅ နိုင်ငံမှ နိုင်ငံသားများအတွက် အခြေချနေထိုင်ခွင့် ဗီဇာ ထုတ်ပေးမှုများ ရပ်ဆိုင်း

Must read

🟥 မြန်မာနိုင်ငံမှာ အလည်အပတ်ဗီဇာ၊ အခြေချနေထိုင်ဗီဇာ အပါအဝင် အမေရိကန်ဗီဇာအားလုံး ပိတ်ပင်ခံထားရ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

အမေရိကန်တွင် အစိုးရထောက်ပံ့ကြေး ယူနိုင်ခြေရှိသည်ဟုဆိုကာ မြန်မာနိုင်ငံ အပါအဝင် ၇၅ နိုင်ငံမှ နိုင်ငံသားများအတွက် အခြေချဗီဇာများ ထုတ်ပေးမှုများကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာ လာရောက်အခြေချမယ့် နိုင်ငံခြားသားတွေဟာ အမေရိကန်အစိုးရရဲ့ လူမှုဖူလုံရေးနဲ့ အများပြည်သူဆိုင်ရာ ထောက်ပံ့ကြေးတွေကို မှီခိုပြီး နေထိုင်ကြမှာကို စိုးရိမ်တဲ့အတွက် မြန်မာ၊ ရုရှား၊ အာဖဂန်နစ္စတန်၊ အီရန်နဲ့ ဆိုမာလီယာ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက နိုင်ငံသားတွေကို အခြေချဗီဇာ (Immigrant Visa) ထုတ်ပေးတာကို ယာယီရပ်ဆိုင်းထားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတာကတော့ အမေရိကန်ပြည်သူတွေရဲ့ ဓနဥစ္စာတွေကို အလွဲသုံးစားလုပ်ပြီး အစိုးရဆီကနေ အလကားယူနေထိုင်မယ့်သူတွေ (Public Charges) ကို တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အလွဲသုံးစားလုပ်နေတာတွေကို အဆုံးသတ်လိုက်ပြီ” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အမေရိကန်မှာ အမြဲတမ်းနေထိုင်ဖို့ လျှောက်ထားသူတွေဟာ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး အခြေချနေထိုင်ခွင့်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခံရပါမယ်။

အလည်အပတ်ဗီဇာ (Non-immigrant Visa) (သို့မဟုတ်) ခရီးသွား ဒါမှမဟုတ် စီးပွားရေးဗီဇာ လျှောက်ထားသူတွေကိုတော့ အခုအမိန့်က မသက်ရောက်ပေမယ့် မြန်မာနိုင်ငံကိုတော့ အလည်အပတ်ဗီဇာရော အခြေချနေထိုင်ခွင့်ဗီဇာရော နှစ်မျိုးစလုံး ပိတ်ပင်ထားပါတယ်။

အမေရိကန် ဗီဇာအရာရှိတွေအနေနဲ့ လျှောက်ထားသူတွေရဲ့ အသက်၊ ကျန်းမာရေး၊ မိသား စုအခြေအနေ၊ ငွေကြေးချမ်းသာမှု၊ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှု၊ အင်္ဂလိပ်စာ ကျွမ်း ကျင်မှုတွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ လျှောက်ထားသူဟာ အမေရိကန်မှာ အစိုးရဆီက အထောက်အပံ့မယူဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။

လတ်တလော အခြေချ ဗီဇာ ပိတ်ပင်ခံလိုက်ရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ (Burma)၊ ကမ္ဘောဒီးယား၊ လာအို၊ ပါကစ္စတန်၊ ရုရှား၊ ထိုင်း စတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်းမှာ လူဝင်မှုကြီးကြပ်ရေးကို အလွန်တင်းကျပ်လိုက်တာဖြစ်ပြီး “အမေရိကန်မှာ အလုပ်လုပ်ပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်မယ့်သူတွေ” ကိုပဲ ဗီဇာပေးဖို့ ဦးတည်နေတာ ဖြစ်ပါတယ်။

ဒီဗီဇာရပ်ဆိုင်းမှုဟာ မြန်မာနိုင်ငံကနေ အမေရိကန်ကို အမြဲတမ်းသွားနေထိုင်ဖို့ ပြင်ဆင်နေသူတွေ (ဥပမာ- Green Card ဒါမှမဟုတ် မိသားစုခေါ်စာနဲ့ သွားမယ့်သူတွေ) အတွက် အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article