30 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် မီးလိုင်းလာပြင်သည့် စစ်တပ် စစ်ကြောင်းကို မိုင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ကပစ ၂၂ သို့ သွယ်တန်းထားသည့် မီးတိုင် ၁၀ ခုကျော်ကိုလည်း ဖောက်ခွဲရှင်းလင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် မီးလိုင်းများလာပြင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်သား ၅ ဦးသေဆုံးကာ ကပစ ၂၂ သို့ သွယ်တန်းထားသည့် မီးတိုင် ၁၀ ခုကျော်ကိုလည်း ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ဇန်နဝါရီလ ၆ ရက်နေ့တို့တွင် ဆိပ်ဖြူမြို့နယ် အတွင်း အမှတ် ၂၂ ကာကွယ်ရေး ပစ္စည်းစက်ရုံကို သွယ်တန်းထားသော မီးတိုင်နှင့် မီးကြိုးများကို တော်လှန်ရေး တပ်ဖွဲ့များက ဖောက်ခွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖောက်ခွဲရှင်းလင်းမှုအတွင်း မီးတိုင် ၁၀ ခုကျော်နှင့် မီးကြိုးတွဲများပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မီးလိုင်းများ လာရောက်ပြင်ဆင်သည့် အကြမ်းဖက် စစ်သားများသည်လည်း တော်လှန်ရေးတပ်ဖွဲ့များက ထောင်ထားသည့် မိုင်းများ နင်းမိခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်ရေး လုပ်ဆောင်နိုင်ခဲ့သောကြောင့် ဆိပ်ဖြူ ကပစ ၂၂ အတွင်း စစ်လက်နက် ထုတ်လုပ်ရေးများ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။

“မီးလိုင်းတွေ လာပြင်တဲ့ စစ်ခွေးတွေက ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက ထောင်ထားတဲ့ မိုင်းတွေနင်းမိတာ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် စစ်ခွေး ၅ ဦးသေဆုံးတယ်လို့သိရတယ်။ နောက်ပြီးတော့ ပကစ ၂၂ အတွင်း သွယ်တန်းထားတဲ့ မီးလိုင်းတွေ မီးကြိုးတွေကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အခုက ဆိပ်ဖြူမြို့နယ်ထဲကိုလည်း စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF နှင့် ပခုက္ကူ ခရိုင် အမှတ် တပ်ရင်း(၄) တပ်ခွဲ(၃) ဆိပ်​​ဖြူမြောက်ပိုင်း NSP အဖွဲ့တို့က ပူးပေါက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article