30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အသိဉာဏ်နည်းပါး လမ်းလွဲနေတဲ့ လူငယ်တွေကို သွေးထိုးမြှောက်ပင့်ပြီး တိုက်ပွဲတွေ ဖော်ဆေင် နယ်မြေချဲ့ထွင်နေတယ် ဆိုပြီး အပြစ်တင် အပုတ်ချ ပြောဆိုလာပြန်ပါတယ်။
  • ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်တွေ တင်မက PV အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ့်သူတွေပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရတယ်လို့ ပြည်ပထွက်ခွာဖို့ ငြင်းဆိုခံရသူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • စစ်ကိုင်းတိုင်းက မုံရွာမြို့ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်လမ်းမကြီးကို လမ်းချဲ့မယ်ဆိုပြီး အကြမ်းဖက် စစ်တပ်က လမ်းမကြီးဘေးက နေအိမ်တွေဆီကနေ တစ်အိမ်ကို ငွေကျပ် ၁၆ သိန်းကောက်ခံနေပြီး ငွေကြေးမ ပေးရင် ဖမ်းဆီးမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အီရန်အစိုးရပိုင် ရုပ်သံလိုင်းကနေ အမေရိကန်သမ္မတ ဒေါ်နယ်ထမ့်ကို လုပ်ကြံဖို့ တရားဝင် ရုပ်သံ ထုတ်လွှင့်ခြိမ်းခြောက်လိုက်ပြီးနောက် ပါရှန်းပင်လယ်ကွေ့ကို အမေရိကန် စစ်သင်္ဘောတွေ စေလွှတ်လိုက်ပြီး စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေနေကို ရောက်ရှိနေတယ်လို့ နိုင်ငံတာသတင်းတွေမှာ ဖော်ပြနေကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article