ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က ဒေါ်လာစျေးမတက်ရေးအတွက် ဒေါ်လာစုဆောင်းသိုလှောင်သူတွေ USDT အွန်လိုင်းအရောင်းအဝယ်နဲ့ စျေးကစားသူတွေကို စီမံချက်နဲ့လိုက်လံဖမ်းဆီးနေပြီး သွင်းကုန်နဲ့ ပို့ကုန်လုပ်ငန်းရှင်တချို့ပါ စစ်မေးခံရတယ်လို့ UMFCCI မှ စီးပွားရေးသမားတချို့ဆီကနေ သိရပါတယ်။
- အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမှု ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိပြီးစီး နေပြီလို့ အမျိုးသားညီညွတ်ရေးဖယ်ဒရယ်ကောင်စီ- NUCC က ကြေညာပါတယ်။
- မကွေးတိုင်း၊ မြိုင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ မြို့မရဲစခန်းကို ၂ ကြိမ်တိုင်တိုင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆားလင်းကြီး Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အီရန်အာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကိုဖုံးကွယ်ဖို့ ၁၀ ရက်ကြာ ချမှတ်ထားခဲ့တဲ့ အင်တာနက်ဖြတ်တောက်မှုကို တနင်္ဂနွေနေ့မှာ အကန့်အသတ်နဲ့ ပြန်လည်ဖွင့်ပေး လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




