26 C
Yangon

မယ်စဲ့မြို့နယ်ရှိ IEC အကျဉ်းထောင်မှ ထွက်ပြေးလာသည့် စစ်သုံ့ပန်း အရာရှိ ပိုင်စိုးသူကို ထိုင်း-မြန်မာ နယ်စပ်အနီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ IEC အကျဉ်းထောင်မှ ထွက်ပြေးလာသည့် စစ်သုံ့ပန်း အရာရှိ ပိုင်စိုးသူကို ထိုင်း -မြန်မာ နယ်စပ်အနီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ထိုင်းစစ်တပ်ကို ပြန်လည်လွှဲပြောင်းပေးထား ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၁ နာရီခန့်က မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခု၌ စစ်သုံ့ ပန်း အကျဉ်းသား ၈ဝ ဦး ဝန်းကျင်ခန့် လက်နက်ငယ် ၉ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသူများအနက် အရာရှိပိုင်စိုးသူကို ထိုင်း -မြန်မာ နယ်စပ်၊ ခွန်ယွမ်မြို့ဝင်ပေါက်အနီး၌ ညနေ ၅ နာရီခန့်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

“ထောင်ကို ဖောက်ထွင်းပြီးတော့ ထွက်ပြေးသွားတာပါ။ တော်လှန်ရေးကာလမှာတော့ ကျနော်တို့ အ ရမ်းကာရော လုပ်လို့မရဘူးပေါ့။ အဲဒါကြောင့်မို့လို့ ထောင်ဝန်ထမ်းတွေရဲ့ပေါ့ဆမှုလို့ပြောလို့ မရသေး ဘူး။ လက်ရှိအချိန်ထိကတော့ စုံစမ်းစစ်ဆေးနေတာတွေတော့ လုပ်နေတယ်။ ဒါကတော့ ယန္တရား တစ်ခုအနေနဲ့ပေါ့” ဟု IEC အထွေထွေအတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုထားသည်။

ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း ပိုင်စိုးသူသည် IEC အကျဉ်းထောင်မှ ထွက်ပြေးလွတ်လာသူဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ထိုင်းစစ်တပ်ထံသို့ လွှဲပြောင်းပေး ထားကြောင်း သိရသည်။

ကရင်နီပြည်၊မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ဒေသနှင့်နယ်နမိတ်ချင်း ထိစပ်လျက် ရှိပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC အကျဉ်းထောင်မှ ထွက်ပြေးသွား သော စစ် ကောင်စီတပ်သား အများအပြားမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလျက်ရှိကြောင်း၊ ၎င်းတို့အနက် စစ် သား ၁၀ ဦး ထက်မနည်းမှာ ထိုင်းစစ်တပ်ထံတွင် အဖမ်းခံရန် ကမ်းလှမ်းထားကြောင်း သိရသည်။

ကရင်နီပြည်ကြားကာလအကျဉ်းထောင်မှာ တော်လှန်ရေးကာလဖြစ်သောကြောင့် သစ်သား၊ ဝါး၊ သံဆူးကြိုးများသာ ကာရံထားသည့် အကျဉ်းထောင်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်း ရန်ကို ကာကွယ်နိုင်ရန်အတွက်လည်း ပြင်ဆင်ထားရသောကြောင့် အဆောက်အအုံများမှာ ခိုင်ခံမှု အားနည်းကြောင်း၊ ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းအင်အားနည်းပါးမှုကြောင့်လည်း ယခုကဲ့သို့ ထွက်ပြေးနိုင်ခြင်းဖြစ်ကြောင်း ကရင်နီပြည်ကာလအုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်း ရေးမှူး -၂ ဗညား ခွန်အောင်က သုံးသပ်ထားသည်။

“အဆောက်အအုံကြီးတွေတွေ မဟုတ်တဲ့ အဆောက် အအုံတွေနဲ့စီမံခန့်ခွဲရတာမို့ အဆောက်အအုံ ဆိုင်ရာ အားနည်းချက်တွေ ရှိတယ်။ နောက်အခြား တဖက်မှာလည်း ဝန်ထမ်းမလုံ လောက်မှုရယ်၊ ဖမ်းဆီးတဲ့သုံ့ပန်းတွေ အရမ်းများတဲ့ အတွက်ကြောင့် အခက်အခဲတွေအများကြီးရှိတယ်။ အဲဒီဟာ တွေ ကို ကြည့်ရတဲ့အခါမှာ နှစ်ရှည်လများဖြစ်တော့ အားနည်းချက်အသေးလေးတွေ နဲ့ ပေါင်းလိုက် ရင် နောက်ပြီးတော့ စစ်သုံ့ပန်းတွေကို ကိုယ်၌ကလည်း အမြဲတမ်းပြေးဖို့ပဲစဉ်းစားနေ တာဟာက‌ ပေါ် လွင်တာပေါ့။ အခုဖြစ်သွားတဲ့ ပုံစံကြည့်ရင် စနစ်တကျ စီမံထားတယ်။ အတွင်းစည်း အပြင် စည်း ပေါက်နေတယ်လို့ ခန့်မှန်းထားတာပေါ့”ဟု IEC အထွေထွေ အတွင်းရေးမှူး -၂ ဗညား ခွန်အောင်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article