24 C
Yangon

ဘန်ကောက် မြေအောက်ကေဘယ်လိုင်းရွှေ့ပြောင်းသည့်လုပ်ငန်းခွင် မြေပြိုကျသဖြင့် မြန်မာအလုပ်သမား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြေအောက်ကေဘယ်လျှပ်စစ်လိုင်းရွှေ့ပြောင်းသည့်လုပ်ငန်းခွင်တွင် မြေပြိုကျသဖြင့် မြန်မာအလုပ်သမား ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်နာ (Bang Na) နယ်မြေရှိ လမ်းဘေးလျှပ်စစ်ဓာတ်အားလိုင်းများကို မြေအောက်သို့ ရွှေ့ပြောင်းသည့် လုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မြေအောက်ကျင်းအတွင်း အလုပ်လုပ်နေသည့် မြန်မာလုပ်သားတစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ဘန်နာလမ်းဆုံမှ ဆူခိုဗစ် (Sukhumvit) လမ်းသွယ် ၁၀၇ အဝင်အထိ ဆောင်ရွက်နေသည့် မြေအောက်ကေဘယ်ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းလုပ်ငန်းခွင်ဖြစ်ပြီး အဆိုပါလုပ်ငန်းခွင်ရှိ အနက် ၈ မီတာမှ ၁၀ မီတာခန့်ရှိသော မြေအောက်ကျင်းအတွင်း လုပ်သားများ မြေတူးဖော်နေစဉ် ဘေးဝဲယာရှိ မြေသားများ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြေပြိုကျမှုအတွက် ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် မြန်မာလုပ်သားတစ်ဦးမှာ ရွှံ့နွံနှင့် မြေသားများအောက်တွင် ပိတ်မိသွားခဲ့ကြောင်း၊ အတူအလုပ်လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်များက မိနစ် ၃၀ ခန့် ဝိုင်းဝန်းကူညီခဲ့ကြသော်လည်း မအောင်မြင်သဖြင့် ကယ်ဆယ်ရေး အတွက် အကူအညီတောင်းခံခဲ့ရကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အနိဝပ် (Aniwat) ၏ ပြောကြားချက်အရ ၎င်းတို့ရောက်ရှိချိန်တွင် အဆိုပါလုပ်သားမှာ သတိလစ်နေပြီး အသက်ရှင်သန်သည့် လက္ခဏာမရှိတော့ကြောင်း သိရသည်။

ကယ် ဆယ်ရေးအဖွဲ့သည် အထူးပစ္စည်းကိရိယာများအသုံးပြုကာ တစ်နာရီခန့် ကြိုးပမ်းခဲ့ရပြီးနောက် ရုပ်အလောင်းကို မြေ အောက်ကျင်းအတွင်းမှ ဆယ်ယူနိုင်ခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားပြီး လုပ်ငန်းခွင်ကြီးကြပ်သူ အင်ဂျင်နီယာနှင့် သက် ဆိုင်ရာ တာဝန် ရှိသူများကိုလည်း ခေါ်ယူစစ်ဆေးကာ ပေါ့ဆမှု ရှိ၊ မရှိ စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article