By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ DKBA ၊ KNA နဲ့ BGF တပ်တွေက ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေကိ အရှိန်အဟုန်နဲ့ ပြန်လည် လည်ပတ်နေမှုကို စစ်တပ်က လျစ်လျူ ရှုထား ပြီး စစ်အင်အားတိုးချဲ့မှုတွေကိုသာ အဓိကထားလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့က တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က အရှင်ဖမ်းမိထားတဲ့အပြင် ၊ ရေဖြူမြို့နယ်တိုက်ပွဲမှာလည်း စစ်တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် ၄ ဦးက အသီးသီး သေကုန်ကြပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ အလှူအိမ်ထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပြီး လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်သမ္မတထရမ့်က အီရန်နိုင်ငံ့ခေါင်းဆောင် ခါမေနီအနေနဲ့ လက်ရှိ အခြေအနေကို စိုးရိမ် သင့်တယ်လို့ သတိပေးလိုက်ပါတယ။ အီရန်နိုင်ငံက အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေး ပွဲတွေကို ဒီအပတ်အတွင်း ဆက်လက်လုပ်ဆောင်သွားမယ် လို့ ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




