24 C
Yangon

ဖားကန့်တွင် စစ်တပ် ဒရုန်း ၁ စီးကို KIA ပူးပေါင်းတပ်က ပစ်ချသိမ်းဆည်း၊ ဆိပ်မူရွာဘက်ကိုလည်း ယနေ့ ညပိုင်း စစ်တပ် ဒရုန်းများ ဖြတ်သန်းသွားပြီးနောက် အနံ့ဆိုးများထွက်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ဗုံးလာကျဲသည့် စစ်တပ် ဒရုန်း ၁ စီးကို KIA ပူးပေါင်း တပ်က ပစ်ချ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့ အနီး ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးကို KIA ပူးပေါင်း တပ်က ပစ်ခတ်ချ နိုင်ခဲ့ကာ ဒရုန်းကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအတွင်း ဗုံးလာကျဲတဲ့ စစ်ခွေး ဒရုန်း အကြီး ၁ စီးကို KIA ပူးပေါင်းတပ်က ပစ်ချနိုင်ခဲ့တာပါ။ ဒရုန်းက လေထီးပွင့်ပြီး ပြုတ်ကျလာလို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယနေ့ ညပိုင်းတွင်လည်း ဖားကန့် ဗျူဟာကုန်းမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၃ စီးသည် ဆိပ်မူရွာဘက်ကို ဖြတ်သန်းသွားပြီးနောက် အနံ့ဆိုးများ ထွက်နေကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများသည် MASK များဝတ်ဆင်၍ နေထိုင်နေရကြောင်း သိရသည်။

“ပြည်သူတွေကတော့ စစ်ခွေးတွေ ဒရုန်းနဲ့ ဓာတုဆေးတွေကျဲသွားတယ်လို့ ယူဆနေကြတယ်။ ဒါပေမယ့် သေချာတော့မသိရသေးဘူး။ ကျနော်တို့လည်း ဆက်လက်စောင့်ကြည့်နေတယ်။ ပြည်သူတွေ မူးလဲတာတို့ ဆေးရုံရောက်တာတို့တော့ မရှိသေးဘူး။ အခုလောလောဆယ်က ပြည်သူတွေ သတိထားနေထိုင်ကြဖို့ ပြောနေရတာပေါ့။ အဲလိုအနံ့ဆိုးတွေ ထွက်လာတာကတော့ ဖားကန့်ကနေ ဆိပ်မူဘက်ကို စစ်တပ် ဒရုန်း ၃ စီးသွားပြီးတော့မှ ဖြစ်တာ အခုက ဆိပ်မူ တစ်ရွာတည်း အနံ့ဆိုးတွေရနေတာမဟုတ်ဘူး။ သူ့ပတ်ပတ်လည်က ရွာတွေလည်း အနံ့ဆိုးတွေ ထွက်နေတာလို့ သိရတယ်။ မရှီကထောင်ရပ်ကွက်ထိပါ အနံ့ဆိုးတွေ ထွက်နေတာက ပြင်းထန်နေတယ်။ အခုက ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေ ရောဂါအခံရှိတဲ့သူတွေ အထူး သတိထားဖို့ပြောချင်တယ်” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်ထဲကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ သစ်စက်ပိုင်ရှင် အမျိုးသမီး ၁ ဦး ခေါင်းထိမှန် ဒဏ်ရာရကာ ဘုရားကျောင်းမှ သင်းအုပ်ဆရာ၏ သမီးဖြစ်သူလည်း နံရိုးတွင် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article