ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စစ်တပ်က စခန်း ၂ ခုဆုတ်ခွာသွားသဖြင့် ဝင် ရောက်ရှင်းလင်းခဲ့ရာ မြေမြှုပ်မိုင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့နှင့် KIA စစ် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က နောင်မွန်းမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၂ ခုမှ စစ်သား၊ ပြည်သူ့စစ်များ သည် နောင်မွန်းမြို့ပေါ်သို့ ဆုတ်သွားသဖြင့် ပူတာအို PDF တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ မြေမြှုပ်မိုင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးများဖြစ်သည့် ရာမ၊ ဘိန်းဖြူအ များအပြား သုံးစွဲထားသည်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။
“တိုက်ခိုက်သိမ်းပိုက်တာမဟုတ်ပါဘူး။ ပြည်သူ့စစ်၊ စစ်သားတွေ နေရာယူထားတဲ့ စခန်းငယ် ၂ ခုပါ။ သူတို့ စခန်းစွန့်ခွာသွားလို့ သွားရောက်ရင်းလင်းတာပါ။ နောင်မွန်းမြို့ဘက်ကို ဆုတ်သွားတာ။ အင် အားစုသွားတဲ့သဘောပေါ့” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ စစ်တပ်စခန်းများတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့သောကြောင့် ရှင်းလင်းလျက်ရှိပြီး မိဘ ပြည်သူများအနေဖြင့် သွားလာခြင်းများ မပြုလုပ်ကြပန်ရ ပူတာအို PDF တပ်ဖွဲ့က မေတ္တာရပ်ခံ သတိ ပေးထားသည်။






