27 C
Yangon

ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး၊ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများထိခိုက်မှုမရှိသော်လည်း နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ လုံးခင်းရွာဘက်တွင်လည်း KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဗျူဟာကုန်းမှ စစ်သားများက လုံးခင်း ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသောကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကျဲသွားတာ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့တော့ ကြားသိရတယ်။ ထိခိုက်မှု အခြေအနေကိုတော့ ဆက်လက် အတည်ပြုဆဲပါပဲ နေအိမ် ၅ လုံးလည်း ဗုံးထိမှန်ပြီး ပျက်စီးခဲ့တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဧပြီ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၉ နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင် ၊ အသက် ၂၈ နှစ်အရွယ် မဆောင်မျော် ၊ အသက် ၃၀ နှစ်အရွယ် ဦးဘန်းအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတူးခေါင် တို့ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article