31 C
Yangon

ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ လေးကေစခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ရာ စစ်သား ၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၂ လက်ကို သိမ်ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လေးကေစခန်းမှ စွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ၂ ဦး အရှင် ဖမ်းမိကာ လက်နက် ၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“လေးကေစခန်းက ထွက်ပြေးနေတဲ့ စစ်ခွေးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ကို လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေတာပေါ့။ ၁၄ ရက်နေ့မှာတော့ စစ်ခွေး အရှင် ၇ ကောင်ကို ထပ်မိပြီး သေနတ် ၂ လက်လည်း သိမ်းဆည်းနိုင်ခဲ့တယ်” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေးကေစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၇ ရက်နေ့တွင် စတင် ထိုးစစ်ဆက် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့ ၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း၍ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article