26.2 C
Yangon

ဘုတ်ပြင်းမြို့နယ်တွင် ခလရ ၂၂၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၆

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ခလရ ၂၂၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့ထံ လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်သည် အသက် ၃၃ နှစ်အရွယ် ကိုပေါက်ကြီးဆိုသူဖြစ်ပြီး စစ်မှုထမ်း သင်တန်း အပတ်စဥ် ၁၇ ဆင်းလာသူဖြစ်ကြောင်း၊ ၎င်းသည် ရန်ကုန်မြို့ သစက (၂) မှော်ဘီ သင်တန်းကျောင်းတွင် စစ်သင်တန်းတက်ရောက်ခဲ့ပြီးနောက် ဘုတ်ပြင်းမြို့နယ် ခလရ ၂၂၄ တပ်ရင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန် အလင်းဝင်လာသော စစ်မှုထမ်း တပ်သား ကိုပေါက်ကြီးသည် ပြည်ကြီးမဏ္ဍိုင်-ရတနာပုံလမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် လိုက်ပါလာစဉ် PDF တပ်ဖွဲ့ထံ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ်သည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည် ၂၈၀ တောင့်ကိုလည်း ယူဆောင်လာခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article