28.8 C
Yangon

တောင်ငူမြို့နယ်၊ ကျွန်းတောကုန်းရွာမှ လူငယ် ၄ ဦးကို စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးစဉ် စစ်မှုထမ်းရန် ငြင်းဆိုသည့် ကိုသူရ ဆိုသူကို စစ်သားများက ပစ်သတ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၂၆

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းတောကုန်းရွာမှ လူငယ် ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးစဉ် စစ်မှုထမ်းရန် ငြင်းဆိုသည့် ကိုသူရ ဆိုသူကို စစ်သားများက ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် တောင်ငူမြို့နယ်၊ ကျွန်းတောကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော လူငယ် ၄ ဦးထဲမှ ကိုသူရ ဆိုသူသည် စစ်မှုထမ်းရန် ငြင်းဆိုသောကြောင့် စစ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်သတ်ပြီးနောက် ကျန်ရှိနေသော လူငယ် ၃ ဦးကို စစ်ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရသော လူငယ်များနှင့်လည်း လက်ရှိချိန်ထိ အဆက်အသွယ် ပြန်တောက်နေကြောင်း သိရှိရသည်။

“ကျွန်းတောကုန်းရွာမှာ မနေ့က ည ၉ နာရီလောက်က စစ်မှုထမ်း ပေါ်တာဆွဲတာ လူငယ် ၄ ဦး ဆွဲခံရတယ်။ ဆွဲခံရတဲ့ထဲက ကိုသူရ ဆိုတဲ့လူငယ်က မလိုက်ဘူးလို့ ​ငြင်းဆန်တာလို့ ရွာထဲမှာတင် စစ်ခွေးတွေက ပစ်သတ်ခဲ့တယ်။ ကျန်တဲ့ ၃ ဦး ကိုတော့ခေါ်ဆောင်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သော ကိုသူရ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် မိသားစုဝင်များနှင့် ဒေသပြည်သူများက မီးသဂြိုလ်လိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article