31 C
Yangon

ဆွီဒင်နိုင်ငံက အကူအညီများ ဖြတ်တောက်နေသော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်မည်ဟု ဆွီဒင်ဖွံ့ဖြိုးရေးဝန်ကြီးပြော၊ မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၉၂ သန်းဝန်းကျင် အကူအညီပေးမည်

Must read

ရန်ကုန်၊ ဧပြီ ၂၈

ဥရောပသမဂ္ဂအဖွဲ့၀င် နိုင်ငံဖြစ်သော ဆွီဒင်နိုင်ငံက အကူအညီများ ဖြတ်တောက်နေသော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်မည်ဖြစ်ကြောင်း ဆွီဒင်ဖွံ့ဖြိုးရေးဝန်ကြီး ဘင်ဂျမင် ဒူဆာ (Benjamin Dousa) က ပြောဆိုလိုက်သည်။

ဆွီဒင်နိုင်ငံသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ပြည်သူများကို ကူညီရန်အတွက် ဆွီဒင်ခရိုနာ (SEK) ၂ ဒသမ ၇ ဘီလီယံ အမေရိကန်ဒေါ်လာအားဖြင့် ၂၉၂ သန်း ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေများကို အစားအသောက်၊ နေထိုင်စရာ၊ ဆေးဝါးနှင့် သန့်ရှင်းသော သောက်သုံးရေ စသည့် အခြေခံလိုအပ်ချက်များအတွက် အသုံးပြုသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအပြင် ဆူဒန်၊ ယီမင်နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့သည်လည်း ယင်းအကူအညီများကို ရရှိမည့်နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။

ဆွီဒင်အစိုးရသည် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတိုက်များရှိ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ထောက်ပံ့ပေးနေသည့် ရန်ပုံငွေများကို လျှော့ချနေသည့်အချိန်တွင် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုမူ ဆက်လက်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အာဖရိကတိုက်သို့ ပေးအပ်သည့် အကူအညီများကို ၃၆ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ဆွီဒင်ဖွံ့ဖြိုးရေးဝန်ကြီး ဘင်ဂျမင် ဒူဆာ (Benjamin Dousa) ၏ ပြောကြားချက်အရ ဆွီဒင်အနေဖြင့် အခြားအလှူရှင် ကြီးများဆီမှ လိုအပ်နေသည့် ရန်ပုံငွေကွာဟချက်များကို အလုံးစုံ အစားထိုးဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အတွက် အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ယူကရိန်းနိုင်ငံကိုသာ ဦး စားပေးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ၏ နိုင်ငံခြားအကူအညီပေးရေး မူဝါဒအပြောင်းအလဲသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဆွေးနွေးမှုများအပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုစဉ်က ဆွီဒင်အနေဖြင့် ယူကရိန်းနိုင်ငံကို ပိုမိုထောက်ပံ့နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အကူ အညီများကို အပြီးအပိုင် ရပ်ဆိုင်းသွားရန် စီစဉ်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ရေရှည်စီမံကိန်းများကိုသာ ဖြတ်တောက်ပြီး အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအတွက်မူ မြန်မာနိုင်ငံကို ဆက် လက်ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article