26.2 C
Yangon

နာမည်ကျော်အဆိုတော် ဖြူဖြူကျော်သိန်းနှင့် ကမ္ဘာ့ UFC ချန်ပီယံ Joshua Van တို့ မလေးရှားနိုင်ငံသို့ လာရောက်ပြီး မြန်မာပရိသတ်များနှင့်တွေ့ဆုံမည်

Must read

ရန်ကုန်၊ ​မေ ၁၃

အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်နေသော နာမည်ကျော် အဆိုတော် ဖြူဖြူကျော်သိန်းနှင့် ကမ္ဘာ့ UFC ချန်ပီယံ Joshua Van တို့ မလေးရှားနိုင်ငံသို့ လာရောက်ပြီး ချင်းဒုက္ခသည်ကော်မတီ၏ ၂၅ နှစ်ပြည့် အခမ်းအနားတက်ရောက်ကာ မြန်မာ ပရိသတ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း Chin Refugee Committee – CRC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ တွင် ချင်းဒုက္ခသည်များဆိုင်ရာ ကော်မတီ- CRC (Chin Refugee Committee) ၏ ငွေရတု ၂၅ နှစ်ပြည့် ငွေရတု (Silver Jubilee) အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ ချင်းလူမျိုး၏ ဂုဏ်ဆောင် ကမ္ဘာ့ UFC Flyweight ချန်ပီယံ ဂျော့ရှုအာ ဗန် (Joshua Van) တက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း၊ ယင်းအပြင် နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း ဧည့်သည် အဆိုတော်အဖြစ် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

“ကျနော်တို့ အခမ်းအနားကို မေလ ၂၇ ရက်နေ့ မနက် ၉ နာရီ မှ ည ၁၁ နာရီအထိလုပ်မှာပါ။ လက်မှတ်ရောင်းတာမရှိဘူး။ ကျနော်တို့ CRC ငွေရတု ၂၅ နှစ်ပြည့် အခမ်းအနားအဖြစ် ကျင်းပမှာပါ။ ဖျော်ဖြေရေးက ညနေ ၆ နာရီမှာ စမယ်။ အခမ်းအနားကို UNHCR ကိုယ်စားလှယ်တွေလည်း တက်မယ်။ Joshua Van လည်းလာမယ်။ အဆိုတော် ဖြူဖြူကျော်သိန်းကိုလည်း ဖိတ်ထားပါတယ်။ ဘယ်သူမဆို လာလို့ရပါတယ်” ဟု Chin Refugee Committee – CRC မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

CRC ၏ ငွေရတု အခမ်းအနားတွင် အမှတ်တရစကားပြောကြားခြင်းများလည်း ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article