26.2 C
Yangon

ဝက်လက်ရှိ နဘဲပင်လှရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပေါက်တွင်လည်း စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း နင်းမိုင်းများထောင်ထားခဲ့၍ ပြည်သူများ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝက်လက်မြို့နယ်၊ နဘဲပင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး နှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နဘဲပင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူး။ ဘုန်းကြီးကျောင်းလည်း စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်လို့ အကုန်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၂၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့နယ် အခြေစိုက် ခလရ ၄၂ တပ်ရင်းမှ တက်လာသော သေခံဒရုန်း ၃ စီးက ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာ စာသင်ကျောင်းနှင့် အနီးအနားရှိ ပြည်သူပိုင် နေအိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃၀ နှစ် အရွယ် မခိုင်မာစိုး ဗုံးစထိမှန်သေဆုံးပြီး ဆရာမ ၁ ဦး၊ Grade-8 ကျောင်းသား ၃ ဦး၊ကျောင်းသူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်သူများလည်း ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ တောတဲတိုက်များအတွင်း မိုင်းထောင်ခဲ့၍ ပြည်သူများ ထိခိုက်မှုရှိကာ ကပစ ၂၄ ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၁၂ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းသည် ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ် ပုံတောင်ခြေရှိ ကျောက်တံခါးကျေးရွာကို ရောက်ရှိတပ်စွဲနေပြီး အနီးတဝိုက်ကို ဒရုန်းများဖြင့် အသုံးပြုကာ ၁၀ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်းသည် စစ်ကြောင်းထိုးရာလမ်းကြောင်းတလျှောက်ရှိ ပြည်သူများ နေထိုင်ရာကျေးရွာများ၊ တောတဲတိုက်များအတွင်း နင်းမိုင်းများထောင်ထားခဲ့သဖြင့် ပြည်သူတချို့ မိုင်းနင်းမိပြီး ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

“လက်ရှိစစ်ကြောင်းက ထီးလင်း၊ ကျောက်ထုအစပ်တော့ ရောက်သွားပြီ။ ကပစ ၂၄ က တော့ လက် နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေသေးတယ်၊ ပြီးတော့ ပါရာမိုတာတို့ ဒရုန်းတို့နဲ့ လည်းဗုံး ကျဲ နေ တယ်။ စစ်ကြောင်းသွားတဲ့လမ်းတလျှောက်မှာ မိုင်းတွေထောင်ထားခဲ့လို့ ပြည်သူတွေ ထိခိုက် တာ ရှိတယ်။ ကျနော်တို့က ရွာတွင်းနဲ့ ရွာအနီးပတ်ဝန်းကျင်လောက်ပဲ မိုင်းရှင်းနိုင်တာ၊ တောတဲ တိုက် တွေကျတော့ မရှင်းနိုင်လို့ အဲဒီတောတဲတိုက်တွေထဲမှာ မိုင်းထိတဲ့ပြည်သူတွေရှိတယ်။” ဟု ပေါက် မြို့နယ် ပကဖမှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ မှ စစ်ကား ၁၇ စီးပါ အင်အား ၅၀၀ ခန့်ရှိသည့် စစ် တပ်စစ်ကြောင်းသည်လည်း ဆောမြို့ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း၊ ထို့အပြင် ဆောမြို့နယ် ၊ ကျောက်ထုဒေသ ကံကြီးကျေးရွာ၌ တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်သားများသည်လည်း အခိုင်အမာ ကတုတ်ကျင်းများ တူးကာ ခံစစ်အနေအထား အသေအချာပြင်ဆင်လျက်ရှိကြောင်း သိရ သည်။

အလားတူ မေလ ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ် အတွင်းမှလည်း အနီးအနားရှိ အညာ ၅ ရွာ နှင့် တောစပ်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် ပေါက်မြို့နယ်၊ ဆောမြို့နယ်တို့ကို အင်အား ၁၀၀၀ ခန့်ဖြင့် ကျော်ဖြတ်ပြီး တောင်ယောဒေသကို စစ်ကြောင်းထိုးရန် ပြင်ဆင်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအ နေဖြင့် ကျောက်ထု – ပေါက် လမ်းပိုင်းနှင့် ဆော – လောင်းရှည်လမ်းပိုင်းများကို သွားလာခြင်းမပြုကြ ရန်၊ စစ်ကောင်စီစစ်ကြောင်းနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် လေယာဉ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခံရ ခြင်း မှ ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ အခိုင်အမာ တူးထားကြပါ ရန်တော်လှန်ရေးအင် အားစုများက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article