27 C
Yangon

ပဲခူးတိုင်းတွင် ပကဖများကို အထူးတိုက်ခိုက်ရေး တပ်ရင်းများအဖြစ် ဖွဲ့စည်းပြီး တိုက်ခိုက်ရေး စွမ်းရည်မြှင့်တင်နေဟုဆို

Must read

ရန်ကုန်၊ မေ ၂၂

ပဲခူးတိုင်းအတွင်းရှိ ပကဖများကို အထူးတိုက်ခိုက်ရေးတပ်ဖွဲ့များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ၏ စီမံခန့်ခွဲမှုဖြင့် ဖွဲ့စည်းလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပဲခူးတိုင်း အတွင်းစုဖွဲ့ထားရှိသည့် ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းပုံ ကျစ်လစ်စေရန် နှင့် စုဖွဲ့မှု၊ အုပ်ချုပ်ထောက်ပံ့မှု၊ တိုက်စွမ်းရည်မြှင့်တင်နိုင်မှု အားကောင်းလာစေရန်အတွက် ပကဖ တပ် ဖွဲ့များကို စုစည်း၍ ပကဖ အထူးတိုက်ခိုက်ရေးတပ်ရင်းများအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ပဲခူးတိုင်း တာဝန်ခံထံမှ သိရှိရသည်။

“ပကဖတွေကို တိုက်ခိုက်ရေးတပ်ရင်းတွေအနေနဲ့ ဖွဲ့စည်းတာဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံ မှုပါ။ ကာ ကွယ်ရေးကပဲ ဆက်ပြီး စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။” ဟု NUG အစိုးရ ၊ ပြည်ထဲရေးနှင့် လူဝန်မှု ကြီးကြပ်ရေး ဝန် ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ပဲခူးတိုင်း ပကဖအနေဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်လိုသည့် မျိုးဆက်သစ်လူငယ်များ ကိုလည်း ပြည် သူ့ကာ ကွယ်ရေးအဖွဲ့သို့ ဝင်ရောက်လိုပါက စီစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး အခြေခံစစ် သင်တန်းများကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

ပဲခူးတိုင်းအတွင်း စစ်ဆင် ရေးများကို ဖေါ်ဆောင်ရာတွင် နယ် မြေအလိုက်ရှိသော စစ်ဆင်ရေးမှူးများ၊တိုင်းကွပ် ကဲရေး နှင့် တိုင်းပကဖတို့၏ ကွပ်ကဲမှုဖြင့်သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပကဖ ရဲဘော်တွေဟာ ပြည်သူနဲ့ အနီးစပ်ဆုံးရဲဘော်တွေပါ။ ပြည်သူကြားမှာ နေပြီး တော်လှန်ရေး လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူ့ဒုက္ခကို ပိုနားလည်တဲ့သူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးသမား တွေ ပီပီ ပြည်သူကို အလုပ် အကျွေးပြုဖို့ ကာကွယ်စောင့်ရှောက်ပေးဖို့ တော်လှန်ရေးမှာ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးဖို့ပဲ တိုက်တွန်းလိုပါတယ်။” ဟု NUG အစိုးရ ၊ ပြည်ထဲရေးနှင့် လူဝန်မှု ကြီး ကြပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article