27.5 C
Yangon

ကျိုက်ဒုံမြို့အဝင် အနီးရှိ လူနေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အဝင် အနီးရှိ လူနေအိမ်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျိုက်ဒုံမြို့အဝင် အနီးရှိ လူနေအိမ်များကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဗုံးကျဲ တိုက်ခိုက်မှု အတွင်း လူနေအိမ်များပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကျိုက်ဒုံမြို့အ၀င် တံတားဘေးနားက အရပ်သား ပြည်သူတွေနေထိုင်တဲ့ နေရာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာ ကနဦး သိရတာတော့ ပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ မောဖထောကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article