27.5 C
Yangon

ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်စခန်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကျဆုံးပြီး စခန်းပျက်စီး၊ တပ်ဖွဲ့ခေါင်းဆောင် ရေဘီးလူး ထိခိုက်ခြင်းမရှိ

Must read

ရန်ကုန်၊ မေ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ရေးဘီလူးစခန်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဦးခန့်ကျဆုံးပြီး စခန်းတစ်ခုလုံးပျက်စီးခဲ့ကြောင်း တော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က ရေးမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးတပ်ဖွဲ့စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာက ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကျဆုံးကာ ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျဆုံးထိခိုက်ဒဏ်ရာရရှိသူများတွင် ရေးဘီလူးတပ် ဖွဲ့ခေါင်းဆောင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

“ဒီမနက် နံနက် ၁ နာရီ ၁၀ မိနစ်လောက်မှာ အိပ်ရေးကျနေတဲ့အချိန်မှာ ဗုံးကျဲသွားတာ။ ထိခိုက်မှုက များတယ်။ စခန်း တစ်ခုလုံးကတော့ အပျက်အစီးများတယ်။ ထိခိုက်မှုကတော့ ရဲဘော် အားလုံး ၂၀ လောက်ရှိတယ်။ ကျဆုံးတာက ခန့်မှန်း ၁၀ ဝန်းကျင်လောက်ရှိတယ်။ ရေးဘီလူးမပါဘူး။ ရေးဘီ လူးက တစ်နေရာကို ခရီးသွားနေတာ။ ဒီမနက်မှ ပြန်ရောက်လာတာဖြစ်တဲ့အတွက် သူ့က ထိခိုက် မှုမရှိပါဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ရေးဘီလူးတပ်ဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်တပ်နှင့် စစ်အုပ်ချုပ်ရေးယန္တရားကို လက်နက်ကိုင်တိုက်ခိုက်နေသော တော်လှန်ရေးတပ်တစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article