25.2 C
Yangon

ထိုင်းနိုင်ငံ၊ဖူးခက်မြို့ရှိ အလုပ်သမားတန်းလျား မီးလောင်ကျွမ်းမှုကြောင့် မြန်မာလုပ်သား ၃၇၀ ကျော် စာရွက်စာတမ်းနှင့် ပစ္စည်းများ ဆုံးရှုံးကာ ဒုက္ခရောက်နေ​ပြီး အကူအညီများ လိုအပ်နေ

Must read

ရန်ကုန်၊ ဇွန် ၆

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့၊ ဘန်ဂျိုရပ်ကွက်ရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားတစ်ခုတွင် ဇွန်လ ၄ ရက်နေ့ ညသန်းခေါင်ယံအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကလေးငယ်များအပါ အဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၇၀ ကျော် ဘေးဒုက္ခကြုံတွေ့နေရပြီး အရေးပေါ်အကူ အညီများ လိုအပ်လျက်ရှိကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန် လူမနေသည့် အခန်းတစ်ခန်းမှတစ်ဆင့် ဝါယာကြိုးရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ မနက် ၂ နာရီခန့်တွင်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်။အဆိုပါ မီးလောင်မှုကြောင့် အခန်း ၈၀ ပါရှိသည့် အလုပ်သမားတန်းလျား ၆ ဆောင်လုံးတွင် မီးစွဲလောင်ခဲ့သည်။

ယင်းမီးလောင်မှုကြောင့် အလုပ်သမားတန်းလျားတွင် နေထိုင်သည့် ကလေးငယ် ၉ ဦးအပါအဝင် မြန်မာလုပ်သား ၃၇၀ ကျော်၏ စုဆောင်းထားသမျှ ရွှေငွေများ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလုပ် သမားအထောက်အထား စာရွက်စာတမ်းအများစုမှာ မီးထဲသို့ ပါသွားခဲ့ရသည်။

ထို့ပြင် မီးလောင်မှုအတွင်း မြန်မာလုပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေတွင် ရှိနေသည်။

လက်ရှိတွင် မီးဘေးသင့်မြန်မာအလုပ်သမားများကို ဘန်ဂျိုဘုန်းကြီးကျောင်း၌ ယာယီနေရာချထားပေးပြီး ၎င်းတို့အတွက် အဓိကလိုအပ်နေသော ထမင်းဟင်း၊ သောက်သုံးရေနှင့် အိပ်ရာခင်း အဝတ် အထည်များကို အရေးပေါ်ကူညီပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်။

အဆိုပါ မြန်မာလုပ်သားများသည် ဘော်ဓိဇက်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ် ကြောင်း သိရသည်။

Screenshot
Screenshot
Screenshot
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article