26.3 C
Yangon

မုံရွာမြို့မှ ချောင်းဦးမြို့သို့ အိမ်စီးကား ၂ စီးဖြင့် လက်နက်ခဲယမ်း ပို့ဆောင်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်ဘက်မှ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ချောင်းဦးမြို့သို့ အိမ်စီးကား ၂ စီးဖြင့် လက်နက်ခဲယမ်း ပို့ဆောင်နေသော စစ်သားများကို တိုက်ခိုက်စရာ စ်ဘက်မှ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY-BHA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် မုံရွာမြို့ နမခမှ ချောင်ဦးမြို့သို လက်နက်ခဲယမ်း ပို့ဆောင်ရန်သွားသော စစ်သား ၉ ဦးလိုက်ပါလာသည့် Alphard ကား ၁ စီးနှင့် Honda fit ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက တောပုပျူစောထီးကျေးရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ MA1 Mark ၁ လတ်၊ MA1 Mark1 ၁ လတ်၊ MA3 Mark1 ၁ လတ်နှင့် G3 ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများကို မုံရွာမြို့ နမခ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA ၊ မုံရွာမြိုနယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ-PSF ၊ MONYWA SPECIAL-ဒိတ်ဒိတ်ကြဲ ၊ MONYWA DYNAMITE.STF နှင့် GOLDEN TARGET FORCE.GTF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ခဲယမ်းများ လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article