30.2 C
Yangon

ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကို ဗဟိုပြု၍ ပြင်းအား ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်၍ ပြည်သူတချို့ အထပ်မြင့်များမှ ပြေးဆင်းရပြန်

Must read

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် ရန်ကုန်မြို့ပြရှိ အထပ်မြင့်တိုက်တာများပေါ်မှ ပြည်သူအချို့ ဘေးလွတ်ရာသို့ ပြေးဆင်းခဲ့ရကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ငလျင်က ဆွဲခါသလို နှစ်ချက်လှုပ် ဆောင့်ဆွဲလိုက်သလိုပဲ။ ခုံတွေ တစ်ခုံနဲ့တစ်ခုံတောင် တိုက်တယ်။ တော်သေးတယ် နှစ်ချက်ပဲ ကြမ်းပြီး နောက်ပိုင်း ငြိမ့်ငြိမ့်လေး ခဏလှုပ်ပြီး ပြီးသွားလို့၊ မဟုတ်ရင် မလွယ်ဘူး။ သုံးထပ်ကနေ ပြေးဆင်းတာ ဒုတိယထပ်တောင် မရောက်သေးဘူး လှုပ်တာရပ်သွားတယ်”ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင်းရှိ မြို့နယ်အချို့တွင် နေ့လယ်ပိုင်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပြီး အထပ် မြင့်တိုက်ပေါ်တွင် နေထိုင်ကြသည့် ပြည်သူအချို့မှာလည်း ထိတ်လန့်တကြားဖြင့် လမ်းမပေါ်သို့ ပြေးဆင်းခဲ့ကြကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် NUG က သတိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article