26.5 C
Yangon

နတ်တလင်းတွင် အသက် ၂၈ နှစ်အရွယ် အိမ်ထောင်သည် မတင်မာဆွေကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်

Must read

ရန်ကုန်၊ ဇွန် ၁၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အသက် ၂၈ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီး မတင်မာဆွေကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရုပ်အလောင်းကို ကျွန်းခင်းထဲ စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ မကျီးပင်ကျေးရွာ အောင်သုခ စက်လှေဆိပ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်က မကျီးပင်ကျေးရွာမှ နေအိမ် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က မကျီးပင်စက်လှေဆိပ် ရှင်းလင်းဆောင် ဘုရားကုန်းတွင် ဘန်ကာများ ဆောက်လုပ်ကာ တပ်စွဲခဲ့ကြောင်း ၊ ထိုသို့ တပ်စွဲပြီးနောက် ထိုစက်လှေဆိပ်နားတွင်နေထိုင်သော ကိုထွန်းထွန်းဦး၏ ဇနီးဖြစ်သူ မတင်မာဆွေကို ခေါ်ယူပြီး အကြမ်းဖက် စစ်သားများက ထမင်းချက်ခိုင်းခဲ့ကြောင်း သိရသည်။

စစ်တပ်အတွက် ထမင်းချက်ကျွေးနေသော မတင်မာဆွေမှာ ဇွန်လ ၁၀ ရက်နေ့တွင် ပျောက်ဆုံးသွားကြောင်း၊ ထို့ကြောင့် ပျောက်ဆုံးနေသော မတင်မာ‌ဆွေကိုလိုက်လံရှာဖွေစဉ် ကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ် နောက်ဖေး ကျွန်းခင်းထဲတွင် မတင်မာဆွေ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ အလောင်းမှာ အပုတ်နံ့များထွက်ပေါ်နေပြီး အကြမ်းဖက် စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ထားသောကြောင့် အဝတ်အစားများမရှိဖြစ်နေကြောင်း သိရှိရသည်။

“ဧပြီလ ရွာမှာ တပ်စွဲတဲ့အချိန်ကစပြီး စစ်တပ်က မတင်မာဆွေကို ထမင်းချက်ခိုင်းတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ မတင်မာဆွေ ပျောက်လို့ လိုက်လံရှာဖွေနေတုန်း ကိုသန်းထွန်းနေအိမ်ရဲ့ နောက်ဖေး ကျွန်းခင်းထဲမှာ ပုတ်ပွနေတဲ့ မတင်မာဆွေရဲ့ အလောင်းကို ပြန်တွေ့တယ် အလောင်းက ကိုင်လို့မရအောင် ပုတ်ပွနေပြီ ခါးမှာလည်း ထမိန်မရှိဘူး။ အလောင်းက ကိုယ်လုံးတီးနဲ့။ မုဒိမ်းကျင့်ပြီး သတ်ထားတာ။ အလောင်းတွေ့တဲ့ နေရာက စစ်ခွေး အထိုင်စခန်းနဲ့နီးတယ်။ စစ်ခွေးတွေက မတင်မာဆွေကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော မတင်မာဆွေ၏ အမျိုးသားဖြစ်သူ ကိုထွန်းထွန်းဦးသည်လည်း ဧပြီလ ၁၀ ရက်နေ့က မကျီးပင်ရွာ အောင်သုခလှေဆိပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မကျီးပင် စက်လှေဆိပ်တွင် ဘန်ကာများ ဆောက်လုပ်ကာ တပ်စွဲထားသော အကြမ်းဖက် စစ် တပ်က ပြည်သူများထံမှလည်း ၁ ပတ်လျှင် ၁ ကြိမ် အခွန်ငွေဟုဆိုကာ ငွေကျပ် ၁ သိန်း ကောက်ခံနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article