25.7 C
Yangon

နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ အထိနာသော စစ်တပ်က ရွာထဲကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အထိနာသော စစ်တပ်က ရွာထဲကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့တွင် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းနှင့် မျှော်တော်တောင်ဘုရား ကုန်းပေါ်မှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၁ ရဲဘော်များက အောင်ရတနာဈေးတန်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် အောင်ရတနာကျေးရွာအုပ်စုရှိ ညောင်လှကျေးရွာအတွင်းကို မွန်းလွဲ ၃ နာရီ ၂၉ မိနစ်ခန့်တွင် ပစ်ခတ် ဝင်ရောက်လာပြီး ညောင်လှရွာ စာသင်ကျောင်းကို ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၁ ၊ တပ်ရင်းရုံး တိုက်ခိုက်ရေးရဲဘော်များနှင့် တပ်ခွဲ ၂ မှ ရဲဘော်များက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်ဘက်မှ စစ်ကူအမြောက်အများ ရောက်ရှိလာ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ်သည် ဒရုန်းဖြင့် ညောင်လှကျေးရွာမှ ပြည်သူများရှိရာ နေရာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ဗုံးစထိမှန် သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ထိတွေ့ တိုက်ပွဲမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ အရေအတွက်ကိုတော့ ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ စစ်ခွေးတွေက ရန်သူနဲ့ ပြည်သူ မခွဲခြားဘဲ တိုက်ခိုက်နေတာကြောင့် ပြည်သူများတွေ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ပွားနေပါတယ်။ စစ်ခွေးတွေနဲ့ အနီးစပ်ဆုံး နေရာတွေမှာ မနေထိုင်ကြဖို့ အသိပေးချင်တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၁ မှ တာဝန်ရှိသူက ပြောဆိုသည်။

သာယာဝတီခရိုင် တပ်ရင်း ၁ အနေဖြင့် အကြမ်းဖက် စစ်တပ်ရှိရာနေများကို ဝင်ရောက်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် ၎င်းတို့ရှိရာနေရာများ၊ နီးစပ်ရာနေရာများတွင် နေထိုင်ခြင်းမပြုဘဲ ရှောင်းတိမ်း နေထိုင်ကြရန် အသိပေးပြောဆိုထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article