26.9 C
Yangon

ရွှေပြည်သာရှိ Myanmar Chaofa အိတ်ချုပ်စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော် လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြနေပြီး အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင် စက်ရုံဘက်မှ ရပ်တည်ကာကွယ်နေ

Must read

ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော Myanmar Chaofa Leatherware Limited (အိတ်ချုပ်) စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်က လုပ်ခလစာတိုးမြှင့်ရရှိရေးနှင့် အခြားအခွင့်အရေးများအတွက် စက်ရုံအတွင်း ဆန္ဒပြနေကြောင်း Solidarity of Trade Union Myanmar မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အလုပ်သမားများသည် ဇွန်လ ၁၈ ရက်နေ့ကတည်းက စတင်ကာ စက်ရုံအတွင်း၌ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ယခင်က စက်မြင့်သမား ၁၀,၇၀၀ ကျပ်၊ စက်နိမ့်သမား ၁၀,၅၀၀ ကျပ် အသီးသီးရရှိရာမှ နေ့တွက်ကြေး (ဒေးကြေး) ကို တစ်ပြေးညီ ၁၂,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်၊ ယခင် အချိန်ပို (OT) ကြေး ၂,၀၀၀ ကျပ်အစား ၃,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန်၊ ယခင် ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်အစား ၅၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ဆန္ဒပြနေကြခြင်းဖြစကြောငး် သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေသည့် အလုပ်သမားများကို ဖယ်ရီကား၊ အိမ်သာနှင့် သောက်ရေ သုံးစွဲခွင့်များ ဖြတ်တောက်ခြင်း မပြုလုပ်ရန်လည်း တောင်းဆိုနေကြသည်။

Solidarity of Trade Union Myanmar မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ လက်ရှိအချိန်အထိ ညှိနှိုင်းမှုများ ပြေလည်ခြင်းမရှိသေးသဖြင့် အလုပ်သမားများက စက်ရုံအတွင်း ဆက်လက် ဆန္ဒပြတောင်းဆိုနေဆဲ ဖြစ်ကြောင်း သိရသည်။

စက်ရုံဘက်ကမူ အလုပ်သမားသမဂ္ဂများ ဝင်ရောက်ညှိနှိုင်းပေးခြင်းကို လက်မခံဘဲ၊ အလုပ်သမားညှိနှိုင်းရေးဦးစီးအရာရှိများဖြင့်သာ ၎င်းတို့ဘာသာ ဝင်ရောက်ညှိနှိုင်းမည်ဟု တုံ့ပြန်နေကြောင်း သိရှိရသည်။

“ညှိနှိုင်းမှုက မပြေလည်သေးဘူးဆိုတော့ ဒီအတိုင်းပဲ စက်ရုံထဲမှာ အလုပ်သမားတွေက တောင်းဆိုနေတုန်းပဲ ကျွန်မတို့လို့ သမဂ္ဂတွေကို ဝင်လာတာကို စက်ရုံက လက်မခံဘူး။ ဆန္ဒပြအလုပ်သမား ၂၀၀ကျော်ပါတယ်။ စက်ရုံမှာက လူ ၃၀၀လောက်ရှိတယ်။ လောလောဆယ် ၈၀လောက်က အလုပ်လုပ်နေတယ်လို့ပြောတယ်။ အလုပ်သမားတွေက သူတို့တောင်း ဆိုချက်မရမချင်းတောင်းဆိုသွားမယ် လို့ပြောပါတယ်။ တခြားချိုးဖောက်မှုတွေတော့ သက်ဆိုင်ရာရုံးတွေမှာတိုင်ထားပါတယ်။ လုပ်ခလစာ တခုပဲ ဆန္ဒပြတောင်းဆိုတာပါ “ဟု Solidarity of Trade Union Myanmar မှ တာဝန်ရှိသူက ပြောဆိုသည်။

အလုပ်သမားများ တောင်းဆိုသည့် လုပ်အားခ ၁၂,၀၀၀ ကျပ်ဆိုသည်မှာ တစ်ပြေးညီဖြစ်စေရန် ရာဂဏန်းမျှသာ ထပ်မံတိုးမြှင့်တောင်းခံခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြအလုပ်သမားများက စက်ရုံအတွင်းသို့ ဝင်ရောက်သော်လည်း အလုပ်မလုပ်ဘဲ တောင်းဆိုနေခြင်းဖြစ်ရာ စက်ရုံဘက်က ‘No work, no pay’ (အလုပ်မလုပ်လျှင် လစာမပေး) ဟု ကြေညာနေကြောင်း သိရှိရသည်။

လတ်တလော ရွှေပြည်သာမြို့နယ် အလုပ်သမားဝန်ကြီးဌာနမှ ဦးစီးအရာရှိများသည် စက်ရုံတွင်းသို့ ဝင်ရောက်ကာ အလုပ်ရှင်အလိုကျ တစ်ဖက်သတ် ညှိနှိုင်းပေးနေပြီး၊ အလုပ်သမားအဖွဲ့အစည်းများကိုလည်း အလုပ်သမားဝန်ကြီးဌာနက အသိအမှတ်မပြုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article